BEC-TERO TV

မာန်အောင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဇုန်အတွက် ဝန်ထမ်းခေါ်

15 Jul 2020     1,562 Views


ပွင့်လင်းရာသီတွင်ဖွင့် မည့် မာန်အောင်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဇုန်အတွက် ဝန်ထမ်း များ ခန့်ရာတွင် ဒေသခံများနှင့် ဟိုတယ်လုပ်ငန်းအကြောင်း သိ ကျွမ်းသူများကို ဦးစားပေးမည်ဖြစ်ကြောင်း မာန်အောင် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောသည်။

ယင်းဇုန်သည် မာန်အောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာန်အောင်အများပိုင်ကုမ္ပဏီက ရေးဆွဲထားသော Master Plan ၁၀ ခုတွင် ပါဝင်ပြီး လေဆိပ်၊ ဆိပ်ကမ်း၊ လမ်းတံတား အဆင့်မြှင့်တင်ရေး၊ လျှပ်စစ်၊ သောက်သုံးရေရရှိရေး၊ ရေဆိုးသန့်စင် စနစ် ဆောင်ရွက်ရေး၊ အမှိုက်စီမံ ခန့်ခွဲရေး၊ မွေးမြူရေး၊ မြို့ပြ ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းနှင့်အညီ ဖွံ့ဖြိုးရေးဆိုင်ရာဇုန်များ အ ကောင်အထည်ဖော်ရေးတို့ ဖြစ်သည်။

‘‘ဝန်ထမ်းခန့်ပြီးတော့ သင် တန်းတွေ ပေးရဦးမှာ ဖြစ်တဲ့အတွက် အခုကတည်းက ကြိုခေါ် တာပါ။ ဒေသခံတွေ အလုပ်အကိုင်ရစေဖို့ အဓိက ရည်ရွယ်ပါတယ်’’ဟု ဦးထွန်းလှိုင်က ပြော သည်။မာန်အောင်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဇုန်အတွက် မန်နေဂျာအပါအဝင် အောက်ခြေဝန် ထမ်းအထိ စုစုပေါင်း ဝန်ထမ်း၆၃ ဦးကို ဇူလိုင်မှ စတင်ခေါ်ယူ ထားသည်။ မာန်အောင်မြို့နယ်သည် ရခိုင်ပြည်နယ်တွင် အခြားမြို့နယ်များနှင့် ကုန်းလမ်းဆက်စပ်မှုမရှိ သော မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ သွားလာရခက်ခဲသော မြို့နယ်ဖြစ်သည်။

Credit : မောင်ကံ

#popolay #popolaytv #news #မာန်အောင် #ဟိုတယ် #ခရီးသွား


15 Jul 2020     1,562 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS