BEC-TERO TV

အင်တာနက်ဈေးသက်သာရေးအတွက် Google က အိန္ဒိယမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည်

15 Jul 2020     1,496 Views


လူဦးရေ သန်းတစ်ထောင်ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ အင်တာနက်ဈေးနှုန်းသက်သာပြီး လူတွေ အလွယ်တကူ သုံးနိုင်ဖို့အတွက် Google ကုမ္ပဏီက အိန္ဒိယမှာ ဒေါ်လာ (၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံ သွားမယ်လို့ ကြေညာလိုက်ပါတယ်။

အိန္ဒိယရဲ့ အနာဂတ်နဲ့ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ စီးပွားရေးကဏ္ဍ အပေါ် ယုံကြည်စိတ်ချမှုရှိကြောင်း ဒီဆုံးဖြတ်ချက်ကပေါ်လွင်စေပါတယ်လို့ Google အမှုဆောင်အရာရှိချုပ် Sundar Pichai ရဲ့ တနင်္လာနေ့ထုတ် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အိန္ဒိယ နည်းပညာပြောင်းလဲရေးအတွက် လာမယ့် ၅ နှစ်ကနေ ၇ နှစ်ထဲ သုံးမယ့် Google ရဲ့ မတည်ငွေကတဆင့်နည်းပညာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သွားမှာဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုက အိန္ဒိယ တနိုင်ငံလုံးမှာ ပြည်သူတွေ အင်တာနက် ပိုပြီး သုံးခွင့်ရလာဖို့ အလေးထားပြီး ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အွန်လိုင်းမှာ လုပ်ငန်း လည်ပတ်နိုင်အောင် အပြောင်းအလဲလုပ်မယ့် ကိစ္စကိုလည်း ကူညီသွားမှာ ဖြစ်ပါတယ်။

Google ကို အင်္ဂလိပ်ဘာသာနဲ့ သုံးနေရာ အိန္ဒိယရဲ့ ဒေသဆိုင်ရာ ဘာသာစကားနဲ့ အလွယ်တကူ ဝင်သုံးနိုင်ဖို့ ရည်ရွယ်ပြီးGoogle က တိုးချဲ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

Credit

#popolay #popolaytv #news #Google #India


15 Jul 2020     1,496 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS