BEC-TERO TV

အသက် ၉ နှစ်အရွယ်ကလေး စောင်နှင့်သရဲခြောက်တမ်းကစားရာမှ စောင်လည်ပင်းမှာပတ်၍သေဆုံး

16 Jul 2020     1,573 Views


ကလေးသူငယ်များ အပျော်တမ်းဆော့ကစားရင်းမှ အမှတ်မထင်မတော်တဆဖြစ်သွားကာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို အဆော့သန်သည့် ကလေးသူငယ်များရှိသော မိသားစုများအတွက် သတိထားနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံရှိ အသက် ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသည် စောင်နှင့်သရဲခြောက်တမ်းဆော့ကစားရင်း စောင်မတော်တဆ လည်ပင်းမှာပတ်သွား၍ သတိလစ်ပြီး ပါးစပ်မှာအမြှုပ်တွေထွက်ကာ အခန်းတံခါးဝတွင် တွဲလောင်းကျလျက် အနေအထားဖြင့် သေဆုံးနေတာ တွေ့ရှိခဲ့ကြပါတယ်။

အပြင်က ပြန်လာသော အဖွားဖြစ်သူက သူ့ကိုတွေ့သွားခဲ့တာဖြစ်ပါတယ်။ ထို့နောက် မိဘများက ကလေး၏လည်ပင်းမှာပတ်နေသောစောင်ကိုဖြည်ပြီး ချက်ချင်းဆေးရုံပို့ခဲ့ကြသော်လည်း ကလေး၏အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ မိဘများ၏ပြောကြားချက်အရ သမီးဖြစ်သူသည် စောင်ကိုလည်ပင်းမှာပတ်ပြီး သရဲခြောက်တမ်းကစားနည်းကို အိမ်က ကလေးတွေနဲ့အတူ မကြာခဏဆော့လေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကစားတာက ကြမ်းပြင်မှအမြင့် ၃၀-၄၀ စင်တီမီတာခန့်ကွာတဲ့ အခန်းတံခါးဝဖြစ်ပြီး၊ မတော်တဆချော်လဲ၍ကျသွားတာဖြစ်လိမ့်မယ်၊ ပြီးတော့ အဲ့ဒီအချိန်က ညဘက်ဖြစ်နေလို့ လူကြီးတွေမတွေ့တာဖြစ်မယ်လို့ ပြောကြားသွားပါတယ်။

#popolay #popolaytv #ကလေး #စောင် #သေဆုံး


16 Jul 2020     1,573 Views




RELATED

Most Popular of International News

Most Popular of NEWS