BEC-TERO TV

America မှာ ကျောင်းတက်ဖို့ ဝင်ခွင့်ဖြေတာ အောင်မြင်ခဲ့တဲ့သမီးလေးကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ မေကဗျာ

16 Jul 2020     1,702 Views


အနုပညာလောကမှာ ညိုချောမင်းသမီးလေးတစ်ယောက်အဖြစ်ထင်ရှားတဲ့ သရုပ်ဆောင်မေကဗျာကတော့ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးပြီး ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါ။ မေကဗျာကတော့ သရုပ်ဆောင်အဖြစ်သာမက ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖွဲ့စည်းတည်ထောင်ထားတဲ့ နှင်းဆီရင်ခွင်အငြိမ့်အဖွဲ့ရဲ့ ပင်တိုင်မင်းသမီတစ်ဦးအဖြစ်လဲ ရန်ပုံငွေပွဲတွေကို လိုက်လံကပြဖျော်ဖြေနေသူပါ။

အနုပညာအလုပ်အပြင် တစ်ဖက်မှာလည်း စီးပွားရေးအနေနဲ့ အထည်ဆိုင်ဖွင့်ထားပြီး ဒီဇိုင်နာသင်တန်းကိုလည်း တက်ရောက်သင်ယူနေတာ တွေ့ရပါတယ်။ မေကဗျာကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသမီးလေး ဂင်္ဂါမေနဲ့အတူ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာ ဖြစ်ပါတယ်။ သမီးလေးကတော့ ယခုဆိုရင်အရွယ်ရောက်ကာ ကျောင်းတစ်ဖက်၊ ပညာရေးတစ်ဖက်နဲ့ အားလပ်ချိန်တွေမှာ မိခင်ရဲ့စီးပွားရေးကို ဝိုင်းကူပေးနေတာတွေ့ရပါတယ်။

လတ်တလောမှာတော့ မေကဗျာက သမီးဖြစ်သူတစ်ယောက် အမေရိကားမှာကျောင်းတက်ရန် ဝင်ခွင့်စာပေးပွဲဖြေရာမှာ အောင်မြင်ခဲ့တာကြောင့် ပျော်မဆုံးဖြစ်လို့နေပါတယ်။ သမီးဖြစ်သူက America မှာ ၄ နှစ်တက်ရမယ့်ကျောင်းကို ကုန်ကျစရိတ်သက်သာအောင် ၃ နှစ်နဲ့အပြီးတက်နိုင်ဖို့ ဝင်ခွင့်စာမေးပွဲဖြေခဲ့ရာမှာ အောင်မြင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဝမ်းသာပျော်ရွှင်စွာနဲ့ မျှဝေထားတာတွေ့ရပါတယ်။

 “Congrulations သဲလေး America မှာကျောင်းတက်ဖို့အတွက် ၄ နှစ်တက်ရမဲ့ကျောင်းကို ကုန်ကျစရိတ်သက်သာအောင်စာကြိုးစားပီးဝင်ဖြေတာ ခုတော့ ၃ နှစ်နဲ့ကျောင်းပီးအောင်တက်ခွင့်ရခဲ့ပီ… သူငယ်ချင်း ၃ ယောက်ဝင်ဖြေတာ သူတယောက်ပဲတက်ခွင့်ရလို့ သူငယ်ချင်းတွေအတွက် စိတ်မကောင်းဖြစ်နေရတယ်… သူ့မှာမပျော်နိုင်ဘူး သူ့သူငယ်ချင်းတွေကိုပဲ အားပေးနေသောသဲလေး… ဘဝမှာဒီထက်မကထူးချွန်ထက်မြတ်တဲ့ သမီးရတနာလေးဖြစ်ပါစေ သူ့မှာ တော်တော်ကြိုးစားပီးဖြေခဲ့ရတယ် မိသားစု ကမဖြေနိုင်မှာစိတ်ပူမှာစိုးလို့ မပူဖို့ကိုလည်းပြောရသေး ညသန်ခေါင်အချိန်တွေဖြေရတော့ ပင်ပန်း ဖွားပူကိုလည်းကျေးဇူးတင်ပါတယ် ဘုရားတွေရှိခိုးပုတီးတွေစိပ် ခုတော့ရင်အေးရပါပီ” လို့ လူမှုကွန်ယက်ကနေ သမီးဖြစ်သူရဲ့အောင်မြင်မှုကို မျှဝေရေးသားထားပါတယ်။

(ပိုပိုလေး)


16 Jul 2020     1,702 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment