BEC-TERO TV

ဇွဲကပင်တောင်တွင် Suicide လုပ်သွားတဲ့ကောင်လေးရဲ့ မိဘများကို သွားရောက်အားပေးနှစ်သိမ့်ခဲ့တဲ့ Sinon Loresca

16 Jul 2020     2,521 Views


မြန်မာပြည်ရှိ ဆင်းရဲသား အခြေခံလူတန်းစားများရဲ့ဘ၀ကို စာနာသနားစိတ်ဖြင့် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာဆိုရင် သူ့ရဲ့ဖြူစင်တဲ့စိတ်ထား၊ ကြင်နာတတ်တဲ့နှလုံးသားကြောင့် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ထားတာပါ။ အလျဉ်းသင့်ရင် သင့်သလို ကူညီလှူဒါန်းမှုတွေပြုလုပ်နေတဲ့ SInon က မြန်မာပြည်သူတွေရဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားမြတ်နိုးသူပါ။

Sinon က ကိုဗစ်-၁၉ ရောဂါကြောင့် Stay Home ကာလများအပြီးမှာ မြန်မာပြည်ရဲ့ နာမည်ကြီးနေရာဒေသတွေကို သွားလာလည်ပတ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဇွဲကပင်မြေ ဘားအံကိုရောက်ရှိနေတဲ့ Sinon က ကရင်ပြည်နယ်ကိုရောက်ခိုက်မှာ မကြာသေးခင်ကမှ ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ် Suicide လုပ် အဆုံးစီရင်သွားတဲ့ကောင်လေးရဲ့ မိဘများရှိရာနေအိမ်သို့သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူ ဆုံးပါးသွားတာကြောင့် ပူဆွေးသောကရောက်နေတဲ့ ထိုကောင်လေးရဲ့မိဘအိမ်သို့သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တာကို တွေ့မြင်ရပါတယ်။ ထိုအကြောင်းကိုတော့ Sinon က

“ဒီနေ့ ကျတော် မကြာ‌သေးခင်က Suicideလုပ်သွားတဲ့ ကောင်လေးရဲ့မိဘတွေအိမ်ကို ‌သွားခဲ့ပါတယ်.. ကျတော်သူတို့တွေကိုနှိမ်သိမ့်ပေးခဲ့တယ်.. သူတို့တွေဘယ်လောက်များ ပူဆွေးသောကရောက်နေမလဲဗျာ


16 Jul 2020     2,521 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment