BEC-TERO TV

တစ်နိုင်ငံလုံးက မြို့အဝင်အထွက်ကျန်းမာရေးစစ်ဆေးမှုဂိတ်တွေကို ရုတ်သိမ်းဖို့အစိုးရညွှန်ကြား

17 Jul 2020     1,639 Views


တစ်နိုင်ငံလုံးက မြို့အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေရုတ်သိမ်းဖို့ ကိုဗစ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီကညွှန်ကြားလိုက်ပြီလို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက သိရပါတယ်။

ဒါကြောင့် ပြည်တွင်းခရီးသွားတွေနဲ့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူတွေအနေနဲ့ အဲဒီအချက်ကိုသိနိုင်ဖို့ဝန်ကြီးဌာနက ဇူလိုင်လ(၁၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လ(၂၄) ရက်ကလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြန်စိစစ်ခွင့်ပြုထားတဲ့ ဟိုတယ်တွေကို ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီး အခုအချိန်မှသာတဖြည်းဖြည်းပြန်လည်ပတ်လာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၃၃၇)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်သက်သာလာတဲ့သူ (၂၆၆)ယောက်နဲ့ သေဆုံးသူ(၆)ယောက်ရှိနေပါတယ်။

Credit

#popolay #popolaytv #news #covid # မြို့အဝင်အထွက် #ကျန်းမာရေး #စစ်ဆေးမှုဂိတ်


17 Jul 2020     1,639 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS