BEC-TERO TV

သရုပ်ဆောင်ချစ်သုဝေနဲ့ သူမဖခင်တို့ကို စွဲဆိုထားတဲ့အမှု အရှေ့ပိုင်းခရိုင်တရားရုံးက လက်ခံလိုက်ပြီဖြစ်

17 Jul 2020     1,824 Views


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အတွက် ရေးဆွဲခဲ့သည့် ပန်းချီကားအပါအဝင် နောက်ထပ်ပန်းချီကားတစ်ခုနှင့်ပတ်သက်ပြီး သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင်တို့အား အမျိုးသားရေးအဖွဲ့ရှေ့နေ ဦးအေးပိုင်မှ ဇွန်လ (၂၅) ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ပါတယ်။

ချစ်သုဝေနှင့် သူမ၏ဖခင် ဦးဇော်ဝင်းအား တရားစွဲဆိုထားသည့်အမှုကိုတော့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ ဇူလိုင်လ (၉) ရက်နေ့က ပလပ်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ရှေ့နေဦးအေးပိုင်မှ အရှေ့ပိုင်းခရိုင်တရားရုံးသို့တက်ပြီး ဆက်လက်တရားစွဲဆိုခဲ့ပါတယ်။

ရှေ့နေဦးအေးပိုင်၏ သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင်တို့အပေါ် တရားစွဲဆိုရန်လျှောက်ထားမှုကို မနေ့က ဇူလိုင်လ (၁၆) ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးမှ အမှုလက်ခံလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ၎င်းအမှုဟာ ဘာသာရေးနှင့်ဆက်နွယ်နေသည့်အမှုဖြစ်တာကြောင့် အာမခံမရနိုင်သည့်အမှုလည်း ဖြစ်ပါတယ်။

ရုံးချိန်းကိုတော့ လာမည့် ဇူလိုင်လ (၂၉) ရက်နေ့သို့ ချိန်းဆိုထားကြောင်း သိရသည်။

Photos credit: 8 day
(ပိုပိုလေး)


17 Jul 2020     1,824 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment