BEC-TERO TV

အသင့်စားခြောက်ဆွဲခြောက်များကို ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးခြင်း

18 Jul 2020     2,203 Views


အသင့်စားခေါက်ဆွဲခြောက်တွေကို စားတိုင်းကောင်းတဲ့အရာမဟုတ်သော၊ ကျန်းမာရေးအတွက်အကျိုးမပြုသော၊ အာဟာရတန်ဖိုးနည်းပါးသော၊ မကြာခဏမစားသင့်သော အစားအစာတစ်ခုလို့ မြင်ကြပါတယ်။ 
သို့သော် အသင့်စားခေါက်ဆွဲခြောက်များစားရန် တကယ့်ကြိုက်နှစ်သက်သောသူများအတွက် ဘယ်လိုစားသောက်ရင် အကျိုးလည်းရှိ၊ အာဟာရတန်ဖိုးတွေလည်း ရရှိမလဲ ...  ဆိုတဲ့ အစားအသောက်ဆိုင်ရာနည်းလမ်းကောင်းများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
 
အသင့်စားခေါက်ဆွဲခြောက်များကို အဘယ့်ကြောင့် အလွန်အကျွံမစားသင့်ကြောင်း အရင်ဦးဆုံး ရှင်းပြပါရစေ။ အသင့်စားခေါက်ဆွဲခြောက်များ အဆင့်ဆင့်ထုတ်လုပ်မှုအပိုင်းတွင် ပါဝင်သော ပါဝင်ပစ္စည်းများမှာ ခန္ဓာကိုယ်အတွက် အာဟာရတန်ဖိုးများ ပရိုတင်း၊ သတ္တုဓါတ်၊ ဗီတာမင်၊ အဆီ ပြည့်ပြည့်ဝဝလုံလောက်မှုမရှိပါ။ ခေါက်ဆွဲနှင့်ဟင်းခတ်မှုန့် အထုပ်သေးတစ်ထုပ်၌ပါဝင်သော ဆိုဒီယမ်ပမာဏမှာလည်း ခန္ဓာကိုယ်တစ်နေ့တာလိုအပ်သော ပမာဏထက် လွန်ကဲစွာပါဝင်နေပါတယ်။ ထို့ကြောင့် ခန္ဓာကိုယ် အချိန်ကြာမြင့်စွာ ဆိုဒီယမ်ပမာဏလွန်ကဲစွာရရှိပါက ကျောက်ကပ်ဆိုင်ရာရောဂါများ၊ ရေဖောရောင်ခြင်း၊ သွေးတိုးရောဂါ၊ အခြားသောရောဂါများပါ ဖြစ်စေနိုင်တယ်။
 

အသင့်စားခေါက်ဆွဲခြောက်များကို ကျန်းမာရေးနှင့်ညီညွှတ်အောင် စားသောက်သောနည်းလမ်းများမှာ -

 
1. ခေါက်ဆွဲ၌ ဆိုဒီယမ်နှင့်အဆီများပါဝင်မှု လျှော့နည်းအောင် ခေါက်ဆွဲများကို တစ်ရေအရင်ပြုတ်ပြီးမှစားပါ
 
2. ကြက်ဥ၊ ဟင်းရွက်များ၊ အသားများ တို့နှင့်တွဲဖက်ပြီးစားသုံးပေးပါ
 
3. ခေါက်ဆွဲ၌ ပါဝင်ပစ္စည်းများ အားလုံးမထည့်ပါနှင့်
 
4. ဒါမှမဟုတ် အထုပ်ထဲကပါတဲ့ဟင်းခတ်ပစ္စည်းများ အသုံးမပြုဘဲ၊ အခြားကပစ္စည်းများနှင့် ကြော်စားတာ၊ 
    သုပ်စားတာ အခြားပုံစံဖြင့်ပြောင်းပြီး လုပ်စားပေးပါ
 
5. အလွန်အကျွံမစားသင့်ပါ၊ တစ်နေ့လျှင် တစ်ထုပ်ထက်ပိုမစားသင့် (သို့) တစ်ပတ်မှာ ၂-၃ ကြိမ်ထက်ပိုမစား 
    သင့်ပါ
 
6. ခေါက်ဆွဲပြုတ်ရည်များ အကုန်မသောက်သင့်ပါ
 
7. ခေါက်ဆွဲစားပြီးသွားရင် အသီးအနှံများစားပေးပါ
 
ဤအချက်များ သေချာလိုက်နာစားသုံးပေးခြင်းအားဖြင့် အကျိုးလည်းရှိပြီး၊ အာဟာရတန်ဖိုးများလည်း အပြည့်အဝရရှိမှာဖြစ်ပါတယ်။
 
(ပိုပိုလေး)

18 Jul 2020     2,203 Views




RELATED

Most Popular of Health Fix

Most Popular of Life Style