ဆက်သွယ်ရေးနည်းပညာကုမ္ပဏီခုနစ်ခုကို လိုင်စင်ပယ်ဖျက်ရန် စီစဉ်
21 Jul 2020 1,729 Views

ဗီယက်နမ်အခြေစိုက် သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာကုမ္ပဏီ FPT Myanmar အပါအဝင် ကုမ္ပဏီ ခုနစ်ခုကို လိုင်စင်ပယ်ဖျက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက ဇူလိုင် ၁၇ ရက်တွင် ကြေညာခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှု သုံး လပတ်အစီရင်ခံစာ တင်ပြမှုမရှိ ခြင်းနှင့် နှစ်စဉ်ကြေးများပေးသွင်းမှုမရှိခြင်းတို့ကြောင့် အဆိုပါ ကုမ္ပဏီများကို လိုင်စင်ပယ်ဖျက် ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လုပ်ငန်းလိုင်စင်ပယ်ဖျက် မည်ဟု အသိပေးခံရသည့် ကုမ္ပဏီများစာရင်းတွင် ရွှေပြည် တံခွန်အများပိုင်ကုမ္ပဏီ၊ Fiber Link Myanmar ၊ FPT Myanmar၊ Kiss Telecom ၊ VAZ ၊ Myanmar Cyber နှင့် ဇွဲကပင် ကျော်လေးကုမ္ပဏီတို့ ပါဝင် သည်။ အဆိုပါကုမ္ပဏီခုနစ်ခုသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက် နေ့ နောက်ဆုံးထားကာ ဖြေရှင်း ချက်နှင့်အတူ ပေးဆောင်ရမည့် အခကြေးငွေများကို လာရောက် ပေးသွင်းကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေ နှင့်အညီ လိုင်စင်ပယ်ဖျက်မည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဝန်ဆောင်မှုလုပ် ငန်းလိုင်စင် လေးမျိုးကို ၂၀၁၄ ခုနှစ်ကစတင်၍ ပြည်တွင်း၊ ပြည် ပကုမ္ပဏီ ၂၀၀ ခန့်ကို ထုတ်ပေး ခဲ့သည်။ ဆက်သွယ်ရေးဝန် ဆောင်မှုလိုင်စင်နှင့် ပတ်သက်၍ ယခင်ကလည်း အခွန်အခလာ ရောက်ပေးသွင်းရန် ကုမ္ပဏီအ ချို့ကို သတိပေးခြင်းပြုလုပ်ခဲ့ရ သည်ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနတာဝန်ရှိသူက ပြော သည်။
Credit : မြင့်ကျော်လှိုင်
#popolay #popolaytv #news #ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန