BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငါးရာကျပ်တန်ငွေစက္ကူပုံစံသစ်အား စတင်ဖြန့်ဝေ

21 Jul 2020     1,637 Views


၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငါးရာကျပ်တန် ငွေစက္ကူပုံစံသစ်အားယနေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာစီးပွားရေးဘဏ်များတွင် ဖြန့်ဝေပေးလျက်ရှိရာ ကျောက်တံတားမြို့နယ် မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၂)တွင်လည်းနေရာဒေသအသီးသီးမှ ပြည်သူများမှ နံနက်ပိုင်းမှစတင်ကာပျော်ရွှင်စွာ လာရောက်ထုတ်ယူ လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး ပြည်သူတစ်ဦးလျှင်(၂)ရွက်နှုန်းဖြင့် လဲလှယ်ပေးလျက်ရှိကြောင်းသိရသည်။

Ref : MOI

#popolay #popolaytv #news #ငါးရာကျပ်တန် #ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ #ရန်ကုန်


21 Jul 2020     1,637 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS