BEC-TERO TV

တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်

21 Jul 2020     1,564 Views


ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ မှု ထိန်းချုပ်ရေး အထောက်အကူ ဖြစ်စေရန် ခြောက်လကြာ ပိတ် ထားသော တရုတ်နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအများစု ဇူလိုင် ၂၀ ရက် ကစကာ ပြန်ဖွင့်ပြီဖြစ်သည်။ COVID-19 ကူးစက်နိုင်ခြေ အန္တရာယ် နည်းပါးသော ဧရိယာ များရှိ ရုပ်ရှင်ရုံများအနေဖြင့် ပြန် ဖွင့်နိုင်သည်ဟု တရုတ်ရုပ်ရှင်အစည်းအရုံးက ပြောသည်။

ယခုအခါ တရုတ်နိုင်ငံ ဒေသအများစုကို ကူးစက်နိုင်ခြေ နည်းပါးသော ဧရိယာများအဖြစ် သတ်မှတ်ထားပြီး ဖြည်းဖြည်းချင်း ပြန်ဖွင့်လာနိုင်သည်။ တရုတ်ရုပ်ရှင်လုပ်ငန်းသည် ဇန်နဝါရီက စတင်သော ပိတ် သိမ်းမှုကြောင့် အထိနာပြီး လုပ် ငန်းအမြောက်အမြား စီးပွားရေး လုပ်ငန်းနယ်ပယ်မှ ထွက်ခွာခဲ့ရသည်။

ပြန်ဖွင့်ခွင့်ရသည့် ရုပ်ရှင်ရုံ များအနေဖြင့် ပရိသတ်ဝင်ဆံ့ သော ပမာဏ၏ ၃၀ ရာခိုင်နှုန်း အထိသာ ကန့်သတ်လက်ခံခြင်း နှင့် ယခင်က ရုပ်ရှင်ရုံတစ်ရုံလျှင် ရုံတင်ပြသသည့်ဇာတ်ကားအရေ အတွက်၏ ထက်ဝက်ကိုသာ ပြသခြင်းအပါအဝင် တင်းကျပ် သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ ရုပ်ရှင်ကြည့်ပရိသတ်၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာ ခြင်း၊ ပရိသတ်သာမက ရုပ်ရှင်ရုံ ဝန်ထမ်းများပါ နှာခေါင်းစည်း အ ချိန်ပြည့်စည်းခြင်း၊ လက်မှတ်များ ကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူ ခြင်းနှင့် ပရိသတ်တစ်ဦးစီအနေ ဖြင့် အနည်းဆုံး တစ်မီတာအကွာ နေခြင်း အစရှိသည့် အရေးယူ ဆောင်ရွက်မှုများလည်း လိုက်နာ ရမည်ဖြစ်သည်။ COVID-19 ကပ်ရောဂါ၏ ကနဦး ဗဟိုချက် တရုတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင် ဈေးကွက်ဖြစ်ပြီး ၂၀၁၉ က တရုတ်နိုင်ငံတွင် ရုံတင်ဝင်ငွေ ကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ ရရှိခဲ့သည်။

Crd- 7 Day


21 Jul 2020     1,564 Views




RELATED

Most Popular of International News

Most Popular of NEWS