BEC-TERO TV

လက်ဖက်ဖြူ (White Tea) သောက်ခြင်းမှရရှိသောနိုင်သော အကျိုးကျေးဇူး (၅) ခု

21 Jul 2020     1,621 Views


လက်ဖက်တွင် အချိုခြောက် (Black Tea)၊ အူလောင်းလက်ဖက် (Oolong Tea)၊ လက်ဖက်စိမ်း (Green Tea)၊ လက်ဖက်ဖြူ (White Tea) ဆိုပြီး အမျိုးစားအမျိုးမျိုးရှိပါတယ်။ လက်ဖက်မှာ ထူးကဲသော အနံ့အရသာရှိသောကြောင့် လူကြိုက်များတယ်။ ဒီနေ့မှာတော့ လက်ဖက်ဖြူအကြောင်းကို အဓိကတင်ဆက်ပေးမှာဖြစ်ပါတယ်။
 
လက်ဖက်ဖြူ အဓိကထွက်ရှိသောဒေသတွေမှာ တရုတ်နှင့် အိန္ဒိယ ဖြစ်ပါတယ်။ လက်ဖက်ရဲ့ အဖူးလေးကိုခူးပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ်သာခူးပြီး အကောင်းဆုံးအခြေအနေမှာခူးတဲ့အတွက် အကောင်းဆုံးအရည်အသွေးရရှိပါတယ်။ တရုတ်ပြည် ဖူဂျီယန်း (Fujian) ဒေသကထွက်သော လက်ဖက်ဖြူဟာ ကမ္ဘာကျော်ပါတယ်။ ဒီကနေ့မှာ လက်ဖက်ဖြူသောက်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 
 

• ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ကြွယ်ဝခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်း၌ မော်လီကျူးတစ်ခုဖြစ်သော Polyphenols တွင် ပျက်စီးသောဆဲလ်များကို ပြန်လည်ပြုပြင်ပေးတယ်၊ ရောင်ရမ်းမှုကိုဟန့်တားပေးတယ်၊ ကိုယ်ခံစွမ်းအားကိုတိုးမြှင့်ပေးတယ်၊ နေမကောင်းအလွယ်တကူမဖြစ်အောင် ကာကွယ်ပေးတယ်။
 

• နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချခြင်း

လေ့လာချက်အရ တစ်နေ့လျှင် လက်ဖက်ဖြူ ၃ ခွက်အထက်ပုံမှန်သောက်သောသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၁% အထိလျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဘာလို့လဲဆိုတော့ Polyphenols ဓါတ်ဟာ သွေးလည်ပတ်မှုကောင်းမွန်အောင် သွေးကြောများကိုပြုပြင်ပေးပါတယ်။ နှလုံးရောဂါဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ ကိုလက်စတရောပမာဏကိုလည်း လျှော့ချပေးပါတယ်။  
 

• အရွယ်မတိုင်ခင် အရေးအကြောင်းများ ဖြစ်ပေါ်လာနိုင်သည်ကို လျှော့ချခြင်း

လက်ဖက်ဖြူပုံမှန်သောက်ခြင်းမှ ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှု၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုတို့ကြောင့် ဖြစ်ပေါ်တတ်သော အရွယ်မတိုင်ခင် အရေးအကြောင်းများ အိုမင်းရင့်ရော်မှုများကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
 

• ခံတွင်းကျန်းမာရေးကောင်းမွန်ခြင်း

လက်ဖက်ဖြူ၌ အခြားသော Fluoride, Catechin, Tannin ဓါတ်များပါဝင်နေပါတယ်။ ၎င်းဓါတ်များပေါင်းစပ်ပါက သွားပိုးပေါက်ဖြစ်စေသော ဘက်တီးရီးယားများကို ဟန့်တားပေးနိုင်ပါတယ်၊ သွားကြွေလွာများကို သန်မာစေပြီး အစားအစာများမှ အက်ဆစ်တိုက်စားမှုကိုလည်း ကာကွယ်ပေးပါတယ်။ 
 

• ကင်ဆာဆဲလ်များတိုးပွားမှုကို လျှော့ချနိုင်ခြင်း

လက်ဖက်ဖြူတွင် အူမကြီးကင်ဆာဆဲလ်များတိုးပွားမှုကို လျှော့ချပေးနိုင်ကြောင်း၊ အခြားဓါတ်များကြောင့် ပျက်စီးသွားသောဆဲလ်များကိုလည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိရပါတယ်။ သို့သော် ဒီတစ်ချက်ကတော့ တိကျသောရလဒ်အတွက် ပညာရှင်များက သုတေသနများပြုလုပ်နေဆဲပါ။
 
လက်ဖက်ဖြူ၌ ကဖင်းဓါတ်ပါဝင်မှုမှာ အချိုခြောက်နှင့်လက်ဖက်စိမ်းတို့ထက် စာလျှင် ပမာဏအနည်းငယ်သာ ပါဝင်ပါတယ်။ ထို့ကြောင့် ကဖင်းဓါတ်ရှောင်တဲ့သူတွေအတွက်လည်း လုံးဝသင့်တော်တယ် လို့ပြောလို့ရပါတယ်။
 
(ပိုပိုလေး)

21 Jul 2020     1,621 Views




RELATED

Most Popular of Health Fix

Most Popular of Life Style