BEC-TERO TV

ဂျပန်နိုင်ငံ ကျူရှူကျွန်းပေါ်ရှိ ကမ္ဘာအေးစေတီကို နိုင်ငံ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်မည်

22 Jul 2020     1,793 Views


ဂျပန်နိုင်ငံတွင် တစ်ဆူတည်းသော ဗုဒ္ဓဘာသာဘုရား စေတီဖြစ်သည့် မိုဂျိကမ္ဘာအေးစေတီကို ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုဂျိကမ္ဘာအေးစေတီကို ဒုတိယကမ္ဘာစစ်အတွင်းက မိုဂျိဆိပ်ကမ်းမှ စစ်ထွက်ခဲ့ပြီးနောက် စစ်မြေပြင်၌ ကျဆုံးခဲ့သူများကို ရည်စူးကာ ခိတကျူရှူမြို့ရှိ မိုဂျိအရပ်၌ ၁၉၅၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော ဗုဒ္ဓဘာသာ စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။ မိုဂျိ ကမ္ဘာအေးစေတီတော်၏ ထူးခြားချက်မှာ စေတီ၏ အနောက်တောင်၊ အရှေ့တောင်နှင့် အနောက် မြောက်စသည့် အရပ်သုံးမျက်နှာဆီသို့ မုခ်ဦးဝင်ပေါက်များရှိပြီး စေတီတော်၏ အောက်ပိုင်းတွင် ကျောက်ပြားနှင့် အပေါ်ပိုင်းတွင် ရွှေပြားများကပ်ကာ တည်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စေတီတော်၌ သာသနာပြုရန် မြန်မာနိုင်ငံ အစိုးရက စေလွှတ်ထားသည့် ရဟန်းတော်များ သီတင်းသုံး နေထိုင်လျက်ရှိသည်။ မိုဂျိကမ္ဘာအေးစေတီတော်ကို မြန်မာ့ဗိသုကာ ပညာရှင်များအား ဖိတ်ခေါ်ပြီး မြန်မာစေတီပုထိုးများ၏ ပုံသဏ္ဌာန်အတိုင်း တည်ထားကိုးကွယ်ခဲ့ကာ ဂျပန်နိုင်ငံအတွက်လည်း ထူးခြားရှားပါးသော စေတီတစ်ဆူဖြစ်သည့်အတွက် နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ရန်တင်ပြထားကြောင်း သိရသည်။

Ref : အင်န်အိတ်ချ်ကေ

#popolay #popolaytv #news #Japan #ဂျပန် #ကမ္ဘာအေးစေတီ


22 Jul 2020     1,793 Views




RELATED

Most Popular of International News

Most Popular of NEWS