ထရန့် က အမေရိကန် မှာတရုတ်စီးပွားရေးတွေကိုပိတ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာ ဝန်ထမ်း ၁၀၀၀၀ အထိထပ်ခန့်အပ်မည့် TikTok
22 Jul 2020 1,528 Views

Tik Tok ကလက်ရှိမှာတော့ ဝန်ထမ်းပေါင်း ၁၄၀၀ ခန့်ရှိနေပြီး လာမည့်နှစ်မှာ ဝန်ထမ်းပေါင်း ၁၀၀၀၀အထိ ထပ်မံခန့်အပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ အသုံးပြုသူများရဲ့အချက်အလက်များအပေါ် ကိုင်တွယ်မှုကို ဝေဖန်မှုများနေချိန်မှာ ဒီသတင်းကို TikTokကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
“ဒီအလုပ်အကိုင်အခွင့်အရေးတွေဟာ ဝင်ငွေကောင်းမွန်ပြီး အသုံးပြုသူတွေရဲ့ လုံခြုံမှုနဲ့ ပျော်ရွှင်မှုတွေကို ဆက်လက်တည်ဆောက်သွားဖို့ရန်အတွက် ဖြစ်တယ်လို့” Tik Tok ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။ ဒီနှစ်အတွင်း အမေရိကန် မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃ဆ ခန့်တိုးပြီး ဖန်တီးပေးခဲ့ပြီးပြီလို့လဲ ပြောခဲ့ပါတယ်။
TikTok ဟာ အသုံးပြုသူများရဲ့ အချက်အလက်များကို အမေရိကန် မှာသိမ်းဆည်းထားပြီး အရန် အနေနဲ့ စင်ကာပှုနိုင်ငံမှာ သိမ်းဆည်းထားတယ်လို့ သတင်းထုတ်ပြန်ခဲ့သော်လည်း ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေကတော့ အဆိုပါနိုင်ငံတွေမှာထားသည့်အထောက်အထား မရှိဘူးလို့ပြောပါတယ်။ Trump ကတော့ ပြည်နယ်လုံခြုံရေးအတွက် TikTok app ကို အမေရိကန် မှာပိတ်ပင်သွားဖို့ အဆိုတင်သွင်းသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
#popolay #popolaytv #business #TikTok #US