BEC-TERO TV

အီတလီရဲတပ်ဖွဲ့များ ကိုကင်းထည့်ထားသောကော်ဖီစေ့များဖမ်းဆီး

22 Jul 2020     1,693 Views


လွန်ခဲ့တဲ့ရက်က BBC သတင်းဌာန၏သတင်းကြောညာချက်အရ အီတလီနိုင်ငံ၊ လုမ်ဘာဒီပြည်နယ် (Lombardy)၊ မီလန် မာလ်ပန်ဆာ (Milan Malpensa) လေဆိပ်ရဲတပ်ဖွဲ့များသည် ကိုလံဘီယာနိုင်ငံမှ အီတလီနိုင်ငံ၊ တက်စ်ကာနီပြည်နယ် (Tuscany)၊ ဖလော်ရင့်စ်မြို့ (Florence) ရှိ ဆေးရွက်ကြီးဆိုင်တစ်ဆိုင်သို့ပို့သည့် သံသယရှိသော ကော်ဖီအထုပ်တစ်ထုပ်တွေ့ရှိကြောင်း ဆိုပါတယ်။

ယင်းအထုပ်မှာ (John Wick) ရုပ်ရှင်ကားထဲက ရာဇဝတ်ဂိုဏ်းချုပ်ဇာတ်ကောင်ဖြစ်သော “ဆန်တီနို ဒီအန်တိုနီယို” (Santino D’Antonio) သို့လိပ်စာပေးထားခြင်းတွေ့ရှိရပြီးနောက်၊ အထုပ်ထဲက ကော်ဖီစေ့များကို စစ်ဆေးကြည့်သောအခါ ကော်ဖီစေ့ထဲ ကိုကင်းများထည့်သွင်းထားကာ အစေ့ငါးရာလောက်ရှိပြီး၊ အလေးချိန်အားဖြင့် ၁၅၀ ဂရမ်ခန့်ရှိကြောင်း တွေ့ရှိရပါတယ်။ ထို့နောက် ရဲများသည် ဤအမှု၌ပါဝင်ပတ်သက်သူများနှင့် ဖလော်ရင့်စ်စာပို့တိုက်သို့ ပါဆယ်အထုပ်လာရွေးသော အသက် ၅၀ အရွယ်အမျိုးသားကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းဖော်ပြထားတာတွေ့ရှိရပါတယ်။


22 Jul 2020     1,693 Views




RELATED

Most Popular of International News

Most Popular of NEWS