BEC-TERO TV

ငှက်ပျောသီး တစ်လုံးရဲ့ စွမ်းအား

22 Jul 2020     1,518 Views


(၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။
(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား (ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့် စွမ်းအင်ကို ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။
(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။
 
(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာကြောင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။
 
(၅) သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက အူမကြီး လုပ်ငန်း ပုံမှန် ဖြစ်အောင် ကူညီပေးသလို Pectin ခေါ်တဲ့ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက် ပုံမှန် ရွေ့လျားမှု ရရှိအောင် ပြုလုပ်ပေးပါတယ်။
(၆) ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင် ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့် သွေးအားနည်း ရောဂါအတွက် သင့်တော်ပါတယ်။
 
(၇) နေ့စဉ် ငှက်ပျောသီး သုံးလုံး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အသက်ကြီးလာရင် အမြင်အာရုံ ဆုံးရှုံးမှု ဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှု (Age related macular degeneration) ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။
 
(၈) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်နဲ့ အလွန် နည်းလှတဲ့ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
 
(၉) ငှက်ပျောသီးမှာ ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ Fructooligosaccharide ပါဝင်ပါတယ်။
 
(၁၀) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် သက်သာတာဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ Antacid ဂုဏ်သတ္တိကြောင့်ပါ။
(၁၁) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ် ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
 
(၁၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6,B12, ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆေးလိပ်ဖြတ်သူတွေမှာ နီကိုတင်း ဖြတ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။
 
(ပိုပိုလေး)

22 Jul 2020     1,518 Views




RELATED

Most Popular of Health Fix

Most Popular of Life Style