BEC-TERO TV

“ပိုသူလှူ လိုသူကူ” အွန်လိုင်းစျေးရောင်းပွဲတော်အတွက် အလှူငွေ (၁၀) သိန်း ပါဝင်လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်နေတိုး

23 Jul 2020     1,396 Views


လက်ရှိ မြန်မာ့အနုပညာ၊ ရုပ်ရှင်လောကတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံးနဲ့ ပရိသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင်နေတိုးဟာဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလတစ်လျှောက်မှာ တတ်နိုင်သမျှအားနဲ့ လှူဒါန်းကူညီမှုများစွာကို ပြုလုပ်လျက်ရှိပါတယ်။

 

နေတိုးက ကွယ်လွန်သွားပြီဖြစ်တဲ့ ညီဖြစ်သူကိုရည်စူးကာ ကုသိုလ်ပြုအလှူအတန်းများစွာ ပြုလုပ်ပေးနေသလို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် လိုအပ်သည့်နေရာ လိုအပ်နေသူများအတွက် ကူညီလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။ ယခုတစ်ခါမှာတော့ နေတိုးက သဘင်ပညာရှင်များ ဖွဲ့စည်းတည်ထောင်ထားတဲ့ “ပိုသူလှူ လိုသူကူ” အဖွဲ့၏ အွန်လိုင်းစျေးရောင်းပွဲတော် အစီအစဉ်အတွက် အလှူငွေ (၁၀) သိန်းကို ပါဝင်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

 

အလှူလုပ်ချင်လို့ စေတနာနှလုံးသားများဖြင့် ချက်ပြုတ်ကြော်လှော်ထားသည့် အစားအသောက်များကို အွန်လိုင်းကနေရောင်းချပေးသွားမည့် သဘင်ပညာရှင်များ၏ “ပိုသူလှူ လိုသူကူ” အွန်လိုင်းစျေးရောင်းပွဲတော်မှာ မုန့်များမှာစားပြီး ကုသိုလ်လည်းရ ဝမ်းလည်း၀စေမည့်အကြောင်းကို

“အလှူလုပ်ချင်လို့ အစားအသောက်များကိုအခုလိုonlineပေါ်ကနေ မှာယူလို့ရအောင်ကြိုးစားနေကြတဲ့သဘင်ပညာရှင်တွေရော မှာယူစားသောက်ကြတဲ့မိဘပြည်သူတွေအားလုံးအားလုံးဟာ" ကုလိုလ်လည်းရဝမ်းလည်ဝ "ဆိုတဲ့အတိုင်း လောကီအတွက်ကော လောကုတ္တရာ အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး အကျိုးထူးရစေမှာအမှန်ပဲဖြစ်ပါတယ်။

 

ဒါကြောင့်မလို့ လက်လှမ်းမီသောပြည်သူများအနေဖြင့်သဘင်အနုပညာရှင်များရဲ့ နှလုံးသားဖြင့် ချက် ပြုတ် ကြော် လှော်ထားသော အစားအစာဟင်းပွဲများကို မှာယူစားသုံးရင်း ကုသိုလ်လည်းရဝမ်းလည်းဝ ကြပါစေ.... ပရိသတ်များအလုံးကိုလည်းကုသိုလ်အမျှပေးဝေပါတယ်ခင်ဗျာ” လို့ လက်လှမ်းမှီသလောက် ဝယ်ယူစားသောက်ပြီး အလှူလေးမှာပါဝင်ဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

(ပိုပိုလေး)


23 Jul 2020     1,396 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment