BEC-TERO TV

မိုင်းဖုန်းဆရာတော်အဓိဌာန်ဝင်တဲ့ မုံးကျက်ဂူသို့သွားရာတောင်တက်လမ်း ကွန်ကရစ်ခင်းဖို့ သိန်း(၃၀)ကျော်ထပ်မံလှူဒါန်းသွားမယ့် မယ်လိုဒီ

23 Jul 2020     2,114 Views


ရုပ်ရည်ပိုင်းမှာလဲ ချောမောလှပသလို စိုပြေဝင်းမွတ်တဲ့အသားအရေကိုပါ ပိုင်ဆိုင်ထားတာကြောင့် အမျိုးသမီးအများစုကအားကျနေရတဲ့ ရုပ်ရှင်သရုပ်ဆောင်မယ်လိုဒီကတော့ သားလေးတစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ဦးပေမယ့်လို့ သူမရဲ့အလှအပကို ဆက်လက်ထိန်းသိမ်းနေကာ ရင့်ကျက်သူမေမေမျိုးအဖြစ် ပိုလို့တောင်လှပလာသူပါ။

မယ်လိုဒီကတော့ ဘာသာရေးကို ကိုင်းရှိုင်းသူဖြစ်ပြီး ဘုရားတရားအလုပ်တွေကို မပြတ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အလှူအတန်းဆိုရင်လည်း လက်မနှေးတဲ့မယ်လိုဒီက ပြီးခဲ့တဲ့ရက်က မိုင်းဖုန်းဆရာတော်ဘုရားကြီး အဓိဌာန်ဝင်သည့် မုန်းကျက်ဂူသို့သွားရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းရန် (၁၀) ပေစာ အလှူငွေ (၃) သိန်းခွဲကို စေတနာထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးအား ရိုသေကြည်ညိုတာကြောင့် တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့ နောက်ထပ် ပေ ၁၀၀ စာ အလှူငွေ (၃၅) သိန်းကို ထပ်မံလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ အလှူငွေ သိန်း (၃၀) ကျော် ထပ်လှူဖို့ရည်စူးထားကြောင်းကို “ချစ်သူလမ်းကြား ဒီအိမ်လေး ကျွန်မနဲ့ရေစက်မကုန်ဘူး.. ရောင်းချင်လို့ ရောင်းပါမယ်ဆို ၃ နှစ်ရှိတော့မယ်… ရောင်းမထွက်နိုင်ဘူး ရေစက်ပေါ့.. စကားမစပ် ဟိုးအနောက်ကမြင်နေရတဲ့ခေါင်မိုးအနီလေးက မိုင်းဖုန်းဆရာတော်ဘုရား ရန်ကုန်ရောက်တုန်းက သီတင်းသုံးနေထိုင်ခဲ့တဲ့အဆောက်အဦးပါဘဲ...

ဆရာတော်ဘုရားအဓိဌာန်ဝင်တဲ့မုံးကျက်ဂူသို့သွားရာ တောင်တက်ကားလမ်း ကွန်ကရစ်ခင်းဖို့ ၁၀ ပေ ၃၅၀၀၀၀ လွှဲခဲ့ပြီးပါပြီ.. ထပ်ပြီး ပေ ၁၀၀ / ၃၅၀၀၀၀၀ လှူဖို့ရည်စူးထားပါတယ်...ပြုသမျှကုသိုလ် ထပ်တူရကြပါစေရှင်” လို့ သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြထားပါတယ်။

(ပိုပိုလေး)


23 Jul 2020     2,114 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment