BEC-TERO TV

မွေးနေ့ကို အလှူအတန်းများပြုလုပ်ရင်း ဖြတ်သန်းသွားမယ်ဆိုတဲ့ သက်မွန်မြင့်

23 Jul 2020     2,424 Views


ယနေ့ ဇူလိုင်လ (၂၃) ရက်နေ့ကတော့ ပြည်သူချစ် သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်သူ သက်မွန်မြင့်ရဲ့မွေးနေ့ဖြစ်ပါတယ်။ သက်မွန်မြင့်က ဒီကနေ့မှာကျရောက်တဲ့ သူမရဲ့ (၃၈) နှစ်ပြည့်မွေးနေ့ကို မိဘမဲ့ကျောင်း၊ သီလရှင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ အလှူအတန်းများပြုလုပ်ရင်း ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးပြုလုပ်ခွင့်မရ၍ အလှူပွဲတွေလည်း သိပ်မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။ ယခုပြုလုပ်မယ့် မွေးနေ့အလှူကိုတော့ အခြားဧည့်သည်များမပါပဲ မိသားစုဝင်များနှင့်သာ သွားရောက်ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ သက်မွန်မြင့်က သူမရဲ့မွေးနေ့မှာ သီလရှင်ကျောင်းတစ်ခုတွင် ဆွမ်းဒါနကပ်လှူပြီး ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ကျောင်းတွေကိုတော့ ဆန်၊ဆီ၊ဆား စသည့် လိုအပ်သည့်ပစ္စည်းများ လှူဒါန်းပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“မွေးနေ့မှာ သက်မွန် အခုလိုလှူနိုင်တာကလည်း သက်မွန်ကိုချစ်တဲ့ ပရိသတ်တွေအများကြီးရှိလို့ လှူနိုင်တာပါ။ ဒါကလည်း ပရိသတ်တွေရဲ့ အလှူပါပဲ။ ပရိသတ်နဲ့ သက်မွန် အတူတူလှူကြမယ်။ သက်မွန် လှူတာတွေအားလုံးသည် ပရိသတ်လည်း လှူတာဖြစ်တဲ့အတွက် သာဓုခေါ်ပါ၊ အမျှ ယူပါ” လို့ သူမရဲ့မွေးနေ့အလှူအတွက် သာဓုများခေါ်ဆိုနိုင်ဖို့ ပြောပြထားပါတယ်။

ချစ်ရတဲ့ပရိသတ်ကြီးက သက်မွန်အတွက် မွေးနေ့ဆုတောင်စကားလေးတွေ ဆိုခဲ့ပါဦးနော်…

(ပိုပိုလေး)


23 Jul 2020     2,424 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment