BEC-TERO TV

ကီလိုမီတာ ၁၀၀ ကျော်ခရီးနှင်ကာ ပိုင်ရှင်ဟောင်းထံပြန်လာသော ကုလားအုတ်

27 Jul 2020     1,800 Views


လွန်ခဲ့တဲ့ရက်က Xinhua သတင်းဌာနတွင် တရုတ်ပြည်မြောက်ပိုင်း၊ မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ ပိုင်ရှင်မှရောင်းချခဲ့တာ တစ်နှစ်ကျော်လောက်တောင်ရှိပြီဖြစ်သော်လည်း သစ္စာရှိကုလားအုတ်တစ်ကောင်သည် ကီလိုမီတာ ၁၀၀ ကျော်ခန့် ရှည်လျားကြမ်းတမ်းသောခရီးတစ်ခုကိုဖြတ်သန်းပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဒဏ်ရာများဖြင့် သူ့ရဲ့ပိုင်ရှင်ဟောင်းဆီသို့ အရောက်ပြန်လာခဲ့တဲ့ နှလုံးသားကိုနွေးထွေးခံစားသွားစေတဲ့ အကြောင်းအရာသတင်းတစ်ပုဒ်ကို ဖော်ပြထားပါတယ်။

မွန်ဂိုလီးယားရှိ တရိစ္ဆာန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်တဲ့ ပိုင်ရှင်ဟောင်းက ၎င်းကုလားအုတ်ကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် အခြားဒေသကနေထိုင်သောမွေးမြူရေးသမားတို့အား ရောင်းပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီနှစ် ဇွန်လအဆုံးမှာ ၎င်းကုလားအုတ်တွင် တောင်တန်းတွေ မြစ်ချောင်းတွေ လမ်းမကြီးတွေ ခြံစည်းရိုးအကာအရံတွေကိုကျော်ဖြတ်ပြီး၊ ကီလိုမီတာ ၁၀၀ ကျော်ခန့်ခရီးဝေးတစ်ခုကိုဖြတ်သန်းကာ ဇူလိုင်လအစောပိုင်း၌ သူ့ရဲ့ပိုင်ရှင်ဟောင်းထံကို ပြန်ရောက်ရှိလာခဲ့တယ်။

ပိုင်ရှင်အသစ်ဖြစ်သူမှာ သူ့ရဲ့ကုလားအုတ်ပျောက်ဆုံးသွားကြောင်းနှင့် ဘယ်နားရောက်ရှိနေကြောင်း သတင်းရရှိတာနဲ့ ပြန်လာခေါ်ယူသွားခဲ့တယ်။ ပိုင်ရှင်ဟောင်းဇနီးမောင်နှံက ကုလားအုတ်၏ခန္ဓာကိုယ်မှာ ဒဏ်ရာတွေကိုမြင်ပြီး အလွန်ဝမ်းနည်းခံစားသွားတယ်။ ထို့ကြောင့် ထိုကုလားအုတ်အိုကြီးကို အခြားကုလားအုတ်တစ်ကောင်နှင့် အစားထိုးလဲလှယ်ပြီး ပြန်ခေါ်ထားလိုက်မည်ဟု ပိုင်ရှင်အသစ်ကိုဆက်သွယ်လိုက်ပြီး၊ နောက် ဘယ်တော့မှ ထပ်မရောင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။


27 Jul 2020     1,800 Views




RELATED

Most Popular of International News

Most Popular of NEWS