BEC-TERO TV

သူမသေပြီဆိုတဲ့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ အဆိုတော်မီးမီးခဲ

27 Jul 2020     2,477 Views


ပြီးခဲ့တဲ့ရက်က ကင်ဆာရောဂါဝေဒနာကိုခံစားနေရတဲ့ အဆိုတော်မီးမီးခဲ၏ကျန်းမာရေးမှာ ကင်ဆာရောဂါတိုက်ဖျက်ရေးကို ဆုံးရှုံးနေပြီး ဆရာဝန်တွေကတောင် မျှော်လင့်ချက်ကင်းမဲ့နေတဲ့အနေအထားမှာရှိတယ်လို့ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့ခဲ့ပါတယ်။ ထို့နောက်မှာတော့ အဆိုတော်မီးမီးခဲ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ အဆိုတော်မီးမီးခဲဟာ ဩစတြေးလျနိုင်ငံတွင် ဆေးကုသမှုဆက်လက်ခံယူနေရဆဲဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းအမှားတွေနဲ့ပတ်သက်လို့ မီးမီးခဲက သူမရဲ့လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာကနေ ဖြေရှင်းထားတာတွေ့ရပါတယ်။

“ပရိတ်သတ်ကြီးရှင့် !
ကျွန်မ မီးမီးခဲ လက်ရှိကျန်းမာရေးအခြေနေမှာ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။

လူအများကြီးက ဖုန်းခေါ်လာပြီးသတင်းမေးမှ Facebook မှာ သတင်းအမှားကြီးတက်နေတယ်ဆိုတာသိရလို့ပါ။

ကျွန်မရဲ့ ကျန်းမာရေးအတွက်ဆက်လက် ဆုတောင်းပေးကြပါနော်” ဆိုပြီး သူမရဲ့ကျန်းမာရေးအတွက် ဝိုင်းဝန်ဆုတောင်းပေးကြဖို့ ရေးသားပြောဆိုထားပါတယ်။

(ပိုပိုလေး)


27 Jul 2020     2,477 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment