BEC-TERO TV

စိတ်ဖိစီးမှုပျောက်စေရန် မှီဝဲရမည့် အစားအသောက်များ

27 Jul 2020     1,722 Views


စိတ်ဖိစီးမှုပျောက်စေရန် တင်မကပဲ မိနစ်ပိုင်းမျှ အနားယူတဲ့အခါ သုံးဆောင်သင့်တဲ့ အစားအစာများကို ဆိုပါတယ်။
 

၁။ အခါးရည်ကြမ်း

 
လက်ဘက်ခြောက်ထည့်ဖျော်ထားတဲ့ ရေနွေးကြမ်း (အခါးရည်ကြမ်း) ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ သူ့မှာ L-Theanine ဆိုတဲ့ ဓာတ်ပါဝင်ပြီး ဒေါသ (Anger) ထွက်စေတဲ့ ဟိုမုန်းများကို လျော့ချပေးတယ်လို့ ဆိုပါတယ်။
 

၂။ ချောကလတ် (ရေခဲမုန့်)

 
ချောကလတ်ရော၊ ချောကလတ် ရေခဲမုန့်ရော သင့်တော်ပါတယ်။ အနက်ရောင် ချောကလတ်ပါဝင်တဲ့ အစားအစာများဟာ စိတ်ဖိစီးစေတဲ့ ဟိုမုန်းများကို လျော့ချပေးပါတယ်။
 

၃။ ပျားရည်

 
ပျားရည် တစ်ဇွန်းစာဟာ ရဲ့ ခါးသီးတဲ့ ဝေဒနာ ကို ပျောက်ကင်းစေ တယ်လို့ တောင် တင်စားထားကြပါတယ်။ အမှန်တော့ ယင်းအချိုဓာတ်က စိတ်ဖိစီးမှုနဲ့ ကိုပြေပျောက်စေတယ်လို့ ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဦးနှောက်ကိုလည်း ကြည်လင်စေပါတယ်။
 

၄။ သရက်သီး

 
သရက်သီးကတော့ နေရာတိုင်းမရနိုင်ပါဘူ။ သို့ပေမယ့် ရနိုင်တဲ့ နေရာတွေ မှာ မှီဝဲသင့်တဲ့ သစ်သီးလို့ ဆိုပါတယ်။ သရက်သီးရယ်လို့ မဟုတ်ပဲ သရက်သီး ဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့်လည်း Linalool လို့ခေါ်တဲ့ compound ထုတ်လုပ်ပြီး stresss level ကိုကျဆင်းစေပါတယ်။
 

၅။ ပီကေ

 
ပီကေ ဝါးတာကတော့ စိတ်ဓာတ်ကျဆင်းမှုကို ပြေလျော့စေ တယ်ဆို တာ တော်တော်များများ သိထားကြပါတယ်။ ပြီးတော့ စဉ်းစားတွက်ချက်၊ တွေးခေါ်မှုကိုလည်း ကွန့်မြူးစေပါတယ်။
 
အဓိက စိတ်ဓာတ်ကျဆင်းမှု၊ ပင်ပန်းမှုကို ပြေပျောက်စေတဲ့ အစားအစာ ကတော့ အချိုဓာတ်ပါတဲ့ အစားအစာများ ဖြစ်ပါတယ်။ သို့ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ထိုက်သင့် သလောက် စားသုံးမှုကသာ ကျန်းမာရေးအတွက် အကျိုးရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Credit:

27 Jul 2020     1,722 Views




RELATED

Most Popular of Health Fix

Most Popular of Life Style