မိဘတွေဖြစ်သွားကြပြီဖြစ်တဲ့ ဟောလိဝုဒ်စတား Sophie Turner နဲ့ Joe Jonas တို့စုံတွဲ
28 Jul 2020 2,398 Views

ဟောလိဝုဒ်အကျော်အမော် ကမ္ဘာကျော်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသမီး Sophie Turner နဲ့ Joe Jonas တို့စုံတွဲကတော့ မိဘတွေဖြစ်သွားကြပါပြီ။ သူတို့နှစ်ယောက်ရဲ့သက်ဦးရင်သွေးလေးဟာ သမီးမိန်းကလေးဖြစ်ပြီး ဇူလိုင်လ (၂၂) ရက်နေ့က အမေရိကန် လော့အိန်ဂျလိစ်မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အောင်မြင်စွာမွေးဖွားခဲ့တာဖြစ်ပါတယ်။
.jpg)
သမီးလေးရဲ့နာမည်ကို “Willa” လို့ အမည်ပေးထားပြီး Sophie နဲ့ Joe တို့ဟာ ရင်သွေးလေးမွေးဖွားတဲ့အကြောင်းကို လျှို့ဝှက်ထားခဲ့တာပါ။
လက်ရှိမှာ Sophie နဲ့ Joe တို့နှစ်ယောက်ဟာ သမီးငယ်လေးနဲ့အတူ သူတို့ရဲ့ကြည်နူးစရာအကောင်းဆုံးအချိန်တွေကို ပျော်ရွှင်စွာကုန်ဆုံးနေပြီး သတင်းအကြောင်းအရာတွေကိုလည်း မိသားစုနဲ့ သူငယ်ချင်းတွေကိုသာ အသိပေးမျှဝေကြောင်း အတွင်းလူတွေရဲ့ပြောစကားအရသိရပါတယ်။

သူတို့နှစ်ယောက်ရဲ့ရင်သွေးလေးဟာ သမီးမိန်းကလေးဆိုတာကလွဲလို့ တစ်ခြားသတင်းအချက်အလက်တွေကိုတော့ လျှို့ဝှက်ထားကြောင်း Daily Mail မှာ ဖော်ပြထားပါတယ်။

Sophie Turner နဲ့ Joe Jonas တို့စုံတွဲဟာ ၂၀၁၆ ခုနှစ်မှစတင်ပြီး ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာတော့ နှစ်ယောက်သားစေ့စပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ ယခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ မိဘတွေအဖြစ် သက်ဦးရင်သွေး သမီးမိန်းကလေးကို ပိုင်ဆိုင်ခဲ့ကြပြီဖြစ်ပါတယ်။


ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်နေကြတဲ့ ဟောလိဝုဒ်စတားတွေထဲမှာ Sophie Turner ကတော့ ပထမဆုံး စုဘူးပေါက်သွားပါပြီနော်….
(ပိုပိုလေး)





