BEC-TERO TV

ဖလမ်းမြို့ စီးပွားဖြစ်စပျစ်ဝိုင်လုပ်ငန်းမှ စပျစ်ဝိုင် တစ်ပုလင်းကို ကျပ် (၃,၀၀၀)နှုန်းဖြင့် အရောင်းသွက်လျက်ရှိ

29 Jul 2020     2,149 Views


ချင်းပြည်နယ်၊ ဖလမ်းမြို့၌ စီးပွားဖြစ်စပျစ်ဝိုင်ပြုလုပ်သူ များပြားလာသည့်အတွက် ဒေသထွက်စပျစ်သီးများဖြင့် လုံလောက်မှုမရှိတော့၍ တီးတိန်မြို့နယ်မှ စပျစ်သီးများပါ အရောင်းသွက်လျက်ရှိသည်။ ယခင်နှစ်က စပျစ်သီး တစ်ပိဿာဈေးနှုန်းမှာ ကျပ်(၁,၆၀၀)ဝန်းကျင်သာရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်(၁၈၀၀)အထိဖြစ်လာကြောင်း၊ စပျစ်ဝိုင် တစ်ပုလင်းဈေးနှုန်းမှာ ကျပ်(၃,၀၀၀)ဖြစ်ပြီး၊ ဟားခါးမြို့နှင့် ကလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်း စီးပွားဖြစ်စပျစ်ဝိုင်ပြုလုပ်သူ တစ်ဦးက ပြောပါသည်။ စပျစ်ဝိုင်ပြုလုပ်ရာတွင် ဓါတုဆေးဝါးအသုံးပြုခြင်းမရှိဘဲ၊ စပျစ်သီးနှင့်သကြားကိုသာ အသုံးပြုခြင်းဖြစ်ပြီး၊ ဖလမ်းဒေသထွက် စပျစ်ဝိုင်များကို ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်နှင့် ဒေသထွက်လက်ဆောင်အဖြစ်ပေးရန် ဝယ်ယူသူ များပြားကြောင်း သိရှိရပါသည်။

Credit : ဖလမ်းပြန်/ဆက်

#popolay #popolaytv #news #ဖလမ်း #ချင်း #စပျစ်ဝိုင်


29 Jul 2020     2,149 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS