BEC-TERO TV

ချစ်ခန်းကြိုက်ခန်းများ ရိုက်ကူးလျှင် Quarantine (၅)ရက် ဝင်ရမည်

29 Jul 2020     1,685 Views


ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးရာမှာ မင်းသား ၊မင်းသမီးတွေ အချစ်ဇာတ်ဝင်ခန်း ရိုက်ကူးဖို့ (၅)ရက်တာ ကြိုတင် Quarantine ဝင်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာ မြင့်ထွေးက ပြောကြားလိုက်ပါတယ်၊၊

ဇူလိုင် (၂၈)ရက် မနက်ပိုင်းက Covid 19 ကာလအတွင်း ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်နဲ့ မင်္ဂလာရုပ်ရှင်ရုံများအုပ်စု ဥက္ကဌ ဦးဇော်မင်း တို့ ရဲ့ ရုပ်ရှင်၊ဗီဒီယို၊ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးခွင့်နဲ့ ပတ်သက်ပြီး အွန်လိုင်းက တိုက်ရိုက် ဆွေးနွေးမှုမှာ ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။

ရုပ်ရှင်အချစ်ဇာတ်လမ်းတွဲ ရိုက်ကူးမယ်ဆိုရင်တော့ မင်းသားနဲ့ မင်းသမီးကို (၅)ရက်တာ ခေါ်ထားပြီး Quarantine လုပ်ပါ ၊ ဇာတ်ကားမပြီးမချင်း အိမ်ကိုတော့ ပြန်လို့မရဘူးလို့ ဒေါက်တာ မြင့်ထွေးက ပြောပါတယ်၊၊ ဒီသတ်မှတ်ချက်ကြောင့် အချစ်ဇာတ်ဝင်ခန်း ရိုက်ကူးနိုင်ဖို့အတွက် က အနုပညာရှင်တွေမှာ များစွာအခက်အခဲ ဖြစ်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ဆိုပါတယ်၊၊ အခုအွန်လိုင်းဆွေးနွေးမှုမှာ ရုပ်ရှင်ရိုက်ကူးမှုနဲ့ ထုတ်လုပ်မှုအပိုင်း၊ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ပြသနိုင်ရေးအပြင် ချေးငွေတောင်းခံတာတွေကိုပါ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်၊၊

Credit

#popolay #popolaytv #news #ရုပ်ရှင် #ဗီဒီယို #ကိုဗစ်


29 Jul 2020     1,685 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS