BEC-TERO TV

လူ့မျက်ရည်စက် ပုံသဏ္ဍာန်အပန်းဖြေအိမ်ကလေး

29 Jul 2020     1,514 Views


အခုတလော နိုင်ငံတော်တော်များများရှိ အနုပညာရှင်များနှင့် ဖန်တီးတီထွင်သူများသည် လူသားများနေထိုင်ဖို့ အဆောက်အဦတည်ဆောက်မှုဆိုင်ရာ အနုပညာဖန်တီးမှုအတွေးအခေါ်ယှဉ်ပြိုင်မှုအသစ်များကို မကြာခဏဆိုသလို ထုတ်ဖော်ပြသလာကြပါတယ်။

ဒတ်ချ်အနုပညာရှင် “ဒရေး ဝါပန်နာ” ဆိုသူတစ်ဦးကလည်း ကျေးလက်ဒေသတွေမှာ အပန်းဖြေနေထိုင်နိုင်ရန် နည်းလမ်းသစ်တစ်ခုကို စိတ်ဝင်စားစရာကောင်းအောင်ဖန်တီးတီထွင်ထားတာ တွေ့ရှိရပါတယ်။ ဤဒတ်ချ်အနုပညာရှင်ဖန်တီးထားတာကတော့ သစ်ပင်ကြီးတစ်ပင်မှာချိတ်ဆွဲထားသော လူ့ မျက်ရည်စက်ပုံသဏ္ဍာန်ရှိကာ ကြမ်းပြင်ကနေအနည်းငယ်မြင့်တင်ထားတဲ့ လှေကားနှင့်တက်ရတဲ့ လူနေအိမ်လေးတစ်လုံးပင် ဖြစ်ပါတယ်။

ဤအနုပညာလက်ရာမြောက်လှပြီး ထူးဆန်းတဲ့ပုံစံရှိသည့် မျက်ရည်စက်တဲအိမ်လေးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘော့ချ်လွန်းမြို့အနီးရှိ ကျေးလက်ဒေသတစ်နေရာမှာ တည်ရှိပြီး၊ စိတ်ဝင်တစားနဲ့လာရောက်အပန်းဖြေတည်းခိုကြတဲ့ ခရီးသွားတွေလည်းရှိနေပါပြီလို့ ဆိုပါတယ်။ ယခု ကိုဗစ် ၁၉ ၏ကန့်သတ်ချက်များကြောင့် ဟိုတယ်များ၊ တည်းခိုခန်းများ ဝန်ဆောင်မှုအခက်အခဲ ရှိနေစဉ်ကာလအတွင်း၌ အခုလို အပန်းဖြေနေထိုင်ရန်အတွက် ရွေးချယ်စရာနည်းလမ်းသစ်တစ်ခုကိုမိတ်ဆက်လိုက်တာဖြစ်ပါတယ်။

သို့သော်လည်း ဒါဟာ အနုပညာစိတ်ကူးဖန်တီးမှုတစ်ခုတည်းသာဖြစ်သွားမလား ဒါမှမဟုတ် နောက်တစ်ဆင့်သို့ဖွံ့ဖြိုးတိုးချဲ့နိုင်ပြီး ရေရှည်အကောင်အထည်ဖော်သွားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ပေးရမှာဖြစ်ပါတယ်။

#popolay #popolaytv #ဗဟုသုတ #ဘာသာပြန်


29 Jul 2020     1,514 Views




RELATED

Most Popular of International News

Most Popular of NEWS