BEC-TERO TV

ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီဆိုတဲ့ အဆိုတော်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

30 Jul 2020     2,840 Views


အနုပညာလောကမှာ သရုပ်ဆောင်အဖြစ်ရော၊ အဆိုတော်အဖြစ်ပါ လုပ်ကိုင်လှုပ်ရှားပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတို့ကို ရရှိထားတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေမှာ အနည်းငယ်အလှမ်းကျဲသွားတာ တွေ့ရပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး ခွန်ဘုန်းသုဒ္ဓ ခေါ် ဂျက်ဂျက်ဆိုတဲ့ သားလေးတစ်ယောက်ကိုမွေးဖွားထားပါတယ်။ သားလေးဟာ ယခုဆိုရင် ၁ နှစ်ကျော်အရွယ်သို့ရောက်ရှိလာပြီး နန်းမြတ်ကတော့ မိခင်ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။

အိမ်ထောင်ရှင်မကောင်း၊ အမေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်ရင်း အေးချမ်းသာယာတဲ့ မိသားစုဘ၀လေးကို တည်ဆောက်နေတဲ့ နန်းမြတ်ဖြိုးသင်းကတော့ ဒုတိယကိုယ်ဝန်ကို ထပ်မံလွယ်ထားနေရပြီလို့ သိရပါတယ်။

နန်းမြတ်ဖြိုးသင်းက သူမမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို ခင်ပွန်းဖြစ်သူကိုလည်း စပရိုက်လုပ်ခဲ့တာ တွေ့မြင်ရပါတယ်။ ယခုလို နောက်ထပ်ရင်သွေးလေး ထပ်ရလာတဲ့အတွက် သူမကိုယ်တိုင်လည်း အရမ်းကိုပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

ဒုတိယရင်သွေးလေးရှိနေပြီဆိုတဲ့အကြောင်းကို ခင်ပွန်းဖြစ်သူကို စပရိုက်လုပ်ထားတဲ့ဗီဒီယိုနဲ့အတူ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းသာပျော်ရွှင်စွာ ဖော်ပြထားတာတွေ့ရပါတယ်။ မကြာခင်မှာ ရာထူးတိုးပြီး ကလေးနှစ်ယောက်မိခင်ဖြစ်လာတော့မယ့် နန်းမြတ်ဖြိုးသင်းအတွက် ဝမ်းသာဂုဏ်ပြုစကားလေးတွေဆိုသွားပါဦးနော်…

(ပိုပိုလေး)


30 Jul 2020     2,840 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment