BEC-TERO TV

ဧရာဝတီတိုင်းဒေသကြီး၊ ရွှေလောင်းတံတား တည်ဆောက်မှု (၉၀)ရာခိုင်နှုန်း ပြီးစီး

04 Aug 2020     1,685 Views


ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတံတား အဆင့်မြှင့်တင် တည်ဆောက်မှုမှာ တံတားလုပ်ငန်း အနေဖြင့် (၉၀)ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကာ၊ လမ်းလုပ်ငန်းမှာ (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားဟောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်‌နေ့မှာ ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းလု ပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ အရှည် (၁၉၀၀)ပေ၊ တံတားအကျယ် (၃၀.၅)ပေ၊ ယာဉ်သွား လမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေ၊ ရေလမ်းကင်းလွတ်အမြင့် (၂၉.၅၂)ပေ၊ တံတား၏ ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပါသည်။

အဆိုပါတံတားကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်တာ ဖြစ်ပြီး၊ ခန့်မှန်းခြေတန်ဖိုး (၅၄၃၅.၇၀)သန်းရှိကာ တံတားတည်ဆောက်ရေးလုပ်ငန်းကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၅)မှ တာဝန်ယူဆောင်ရွက်ပြီး လမ်းခင်းခြင်းလုပ်ငန်းများကို မြောင်းမြခရိုင်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်တာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန မှ သိရပါသည်။

Source : ပုသိမ်ပြန်/ဆက်

#popolay #popolaytv #news #ဝါးခယ်မ #ရွှေလောင်းတံတား


04 Aug 2020     1,685 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS