BEC-TERO TV

ဧရာဝတီတိုင်းတွင် ရွေးကောက်ပွဲကာလ မဲရုံလုံခြုံရေးအတွက် အထူးရဲ ၅၇၀၀ ကျော်ခန့်မည်

05 Aug 2020     1,475 Views


ဧရာတိုင်းဒေသကြီးမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလ မဲရုံတွေလုံခြုံရေး အတွက် အထူးရဲတပ်ဖွဲ့ဝင် ၅၇၀၀ ကျော် ခန့်အပ်သွားဖို့ ရှိနေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ရွေးကောက်ပွဲပြုလုပ်ချိန်မှာ မဲပေးသူတွေ စိတ်ချမ်းသာစွာ အနှောင့်အယှက်ကင်းကင်း မဲပေးနိုင်ဖို့အတွက် မဲရုံ ၁ ရုံကို အထူးရဲ ၁ ဦးစီနဲ့ အထူးရဲ ၅၇၄၁ ဦး ထားရှိခန့်အပ်သွားမှာ ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

“မဲရုံ ၁ ရုံကို တစ်ဦးနှုန်းထားသွားမှာပါ၊ ရပ်ရွာက စိတ်ချယုံကြည်ရတဲ့သူ ပါတီဝင်မဟုတ်တဲ့ သူတွေကို ခန့်အပ်သွားမှာပါ၊ အသက် ၁၈ နှစ်ကနေ ၆၀ အထိ ကျန်းမာရေး ကောင်းမွန်သူတွေ နီးစပ်ရာမြို့နယ်ရဲစခန်းတွေက တဆင့်လျှောက်ထားနိုင်ပါတယ်”လို့ ပြောပါတယ်။ အထူးရဲအဖြစ်ခန့်အပ်ခံရသူတွေကို ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ သင်တန်းတွေပေးအပ် သွားမှာဖြစ်ပြီး ရိက္ခာယူနီဖောင်းအပြည့်အစုံနဲ့ ရဲတပ်သား လစာငွေ ၁၃၅၀၀၀ တို့ပေးမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ ခန့်အပ်သွားမှာဖြစ်လို့ သက်ဆိုင်ရာမြို့နယ်အလိုက် ရဲစခန်းတွေမှာ စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

လာမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲရုံတွေ လုံခြုံရေးအတွက် မြန်မာတစ်နိုင်ငံလုံး မှာ အထူးရဲတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော်ခန့်အပ်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Credit – မင်းထက်မုန်း (ပုသိမ်)

#popolay #popolaytv #news #ဧရာဝတီတိုင်း #ရဲတပ်ဖွဲ့


05 Aug 2020     1,475 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS