BEC-TERO TV

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများအတွက်နှစ်စဉ် ရန်ပုံငွေ ကျပ်ဘီလီယံ (၂၀)သုံးစွဲရန်လျာထား

06 Aug 2020     1,809 Views


နှစ်စဉ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်တတ်သည့်အတွက် အရေးပေါ်အချိန်တွင် ပြည်သူတွေအနေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်လျက် ရှိနေပါသည်။

ထို့အပြင် ရေလှောင်တမံများတွင်လည်း ရေထိန်းထားနိုင်စွမ်း ရှိ မရှိနေ့စဉ် တွက်ချက်ဆောင်ရွက်လျက်ရှိနေပြီး ရေကျော်မည့် အန္တရာယ်ရှိခဲ့လျှင် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်လျက် ရှိနေပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေ နှစ်စဉ်ကျပ်ဘီလီယံ (၂၀) သုံးစွဲရန် လျာထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ သိရှိရပါသည်။

Source : ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန

#popolay #popolaytv #news #သဘာဝဘေးအန္တရာယ်


06 Aug 2020     1,809 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS