BEC-TERO TV

ဂရိ၊ အီဗီယာကျွန်း ရေကြီးမှုအတွင်း ၅ဦးသေ၊ ၂ဦးပျောက်ဆုံးနေ

10 Aug 2020     1,724 Views


ဂရိရဲ့ အီဗီယာကျွန်းအနှံ့မိုးများရေကြီးမှုများကြောင့် သေဆုံးသူ၅ဦးထဲမှာ ကလေးငယ်တစ်ဦးလည်းပါပြီး အခြား၂ဦးပျောက်ဆုံးနေဆဲဖြစ်ကာ နေအိမ်အတော်များများ ပျက်စီးခဲ့ပြီး လမ်းတွေလည်း ပိတ်နေဆဲ ဖြစ်ပါတယ်။ ၈လသားအရွယ် ကလေးငယ်တစ်ဦးကတော့ ကံမကောင်းစွာပဲ ပိုလစ်တီကာရွာရဲ့ နေအိမ်တစ်ခုမှာ ရေကြီးမှုအတွင်း သေဆုံးခဲ့ရတာပါ။ အသက်၈၀ကျော်အဖိုးအဖွားနှစ်ဦးကတော့ စတွေ့စမှာ သတိလစ်နေကြပြီး ဆေးရုံရောက်မှ သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ကိုင်ရီယာကော့စ်က သေဆုံးခဲ့ရသူများအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပါတယ်။ စနေနေ့ကတည်းက မုန်တိုင်းသာလီယာဟာ ဂရိရဲ့ နေရာအတော်များများကို ဝင်ရောက်နေတာဖြစ်ပြီး မနေ့ကမှ ရာသီဥတုပြန်ကောင်းခဲ့တာ ဖြစ်ပါတယ်။ မီးသတ်သမား၁၀၀နဲ့ ရဟတ်ယာဉ်၂စင်းသုံးပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ပေးနေပြီ ဖြစ်ပါတယ်။ အီဗီယာမှာ မနှစ်ကတော့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ခုနှစ်တော့ ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ နေအိမ်များရေကြီးနစ်မြုပ်ရတာက ဂရိမှာ နေအိမ်များကို အဆင်ပြေရာ ဖြစ်သလိုဆောက်ကြတာကြောင့်လည်း ဖြစ်ပါတယ်။ ၂၀၁၇နိုဝင်ဘာလတုန်းကတော့ မန်ဒရာမှာ ရေကြီးမှုအတွင်း ၂၄ဦးသေဆုံးခဲ့ရဖူးကြောင်း သိရပါတယ်။

Credit : အောင်အောင်ဦး

#popolay #popolaytv #news #Greece


10 Aug 2020     1,724 Views




RELATED

Most Popular of International News

Most Popular of NEWS