BEC-TERO TV

ခေါင်းဆောင်များ ပြုတ်ကျရေး ရေရှည်အုံကြွမှုပြုလုပ်ရန် လက်ဘနွန်ပြည်သူအချို့ တောင်းဆို

10 Aug 2020     1,447 Views


သြဂုတ်လ ၄ရက်နေ့က ဘရွတ်မြို့၌ အကြီးအ ကျယ်ပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြည်သူများ ဒေါသထွက်နေစဉ် လက်ဘနွန်နိုင်ငံသား အချို့က ၎င်းတို့၏ခေါင်းဆောင်များ ပြုတ် ကျစေရေး ရေရှည်အုံကြွမှုတစ် ရပ် ပြုလုပ်ရန် ဩဂုတ် ၉ ရက်က တောင်းဆိုခဲ့သည်။ ဘရွတ် မြို့ ပေါက်ကွဲမှုတွင် ပေါ့ဆမှုနှင့် ပတ်သက်၍ ဆန္ဒပြသူများက အစိုးရနုတ်ထွက်ရန် တောင်းဆိုခဲ့ သည်။ ဩဂုတ် ၈ ရက်က ဘေရွတ် မြို့လယ်တွင် အကြမ်းဖက်မြင် ကွင်းများ မြင်တွေ့ခဲ့ရသည်။

အုပ်ချုပ်ပုံနည်းလမ်း မပြောင်းနိုင်လျှင် အစိုးရဝန်ကြီး အဖွဲ့ နုတ်ထွက်သင့်သည်ဟု ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် အယ်လ်ရိုင်က ပြောသည်။ ‘‘ဝန်ကြီးတစ်ဦး၊ ဒါမှမဟုတ် အမတ်တစ်ဦး နုတ်ထွက်တာက မလုံလောက်ဘူး။ တိုင်းပြည်နာလန်ပြန်ထူနိုင်အောင် မစွမ်း ဆောင်နိုင်ဘူးဆိုရင် အစိုးရတစ် ဖွဲ့လုံး နုတ်ထွက်သင့်တယ်’’ဟု အယ်လ်ရိုင်က ပြောသည်။ ပေါက်ကွဲမှုနှင့် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် အစိုးရ ၏ ပျက်ကွက်မှုများကို အကြောင်း ပြု၍ ဩဂုတ် ၉ ရက်က သတင်း အချက်အလက်ဝန်ကြီး မာနယ် အဗ္ဗဒယ်ဆာမက်ဒ်က ရာထူးမှ နုတ်ထွက်သွားသည်။

ဩဂုတ် ၈ ရက်က အကြမ်း ဖက်မှုအသွင် ပြောင်းလဲသွား သော ဆန္ဒပြပွဲများတွင် လူဒါဇင် နှင့်ချီ ဒဏ်ရာရပြီး လူတစ်သောင်း ခန့်က အာဇာနည်ရင်ပြင်၌ စုဝေး ခဲ့သည်။ မြို့၏ အစိတ်အပိုင်းများ ပျက်စီးသွားသည့် ယင်းပေါက်ကွဲ မှုကြောင့် သေဆုံးသူလူအရေအတွက်မှာ ၁၅၈ ဦးအထိရောက်ရှိလာပြီး လူ ၆,၀၀၀ ကျော် ဒဏ်ရာရရှိကာ ၂၁ ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်းသိရပါတယ်။

Credit -7daynews

#popolay #popolaytv #news #Labanon


10 Aug 2020     1,447 Views




RELATED

Most Popular of International News

Most Popular of NEWS