BEC-TERO TV

ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးလမိုင်းကျေးရွာ နှစ်ကရင်ရွာအ၀င် မီးရထားနှင့် ကျောက်သယ်ကားမတော်တဆတိုက်မှုဖြစ်ပွား

12 Aug 2020     2,063 Views


မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့ ဘေးလမိုင်းကျေးရွာအုပ်စု နှစ်ကရင်ကျေးရွာအဝင် မီးရထားလမ်းနှင့် ကားလမ်းဖြတ်ဆုံသည့် မီးရထား မိုင်တိုင်အမှတ် ၂၃၉/၁၆-၁၇ ခမ(LT)နေရာ၌ ရန်ကုန်-မော်လမြိုင်-ရေးပြေးဆွဲသော မီးရထား MR မမ၊ စက်ခေါင်းအမှတ် DD939၊ ၈၁ အဆန်မီးရထားအား ဩဂုတ်လ ၁၁ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်က မီးရထားလမ်းနှင့် ကားလမ်းဖြတ်ကူးရာ ဆုံသည့်နေရာ‌အရောက်တွင် နှစ်ကရင်ကျေးရွာလမ်းဆုံမှ နှစ်ကရင် ကျေးရွာဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးကျောက်သယ်ကားမှ ၀င်ရောက်တိုက်မိရာ ရထားမှာ လမ်းချော်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျား(၄)ဦး၊မ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိ‌ကြောင်းနှင့်ရထားအား ၀င်ရောက်တိုက်ခဲ့သည့် ကျောက်သယ်ယာဉ်၊ ယာဉ်မောင်းအား လမိုင်းမြို့နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

Source : လမိုင်း(ပြန်/ဆက်)

#popolay #popolaytv #news #ကား #ရထား


12 Aug 2020     2,063 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS