BEC-TERO TV

ကြက်အရှင်လတ်လတ်ကို ၂ ပတ်အကြာမြေမြှုပ်ထားပြီး ကင်စားသူ ဝေဖန်ခံရ

12 Aug 2020     1,684 Views


ထိုင်းနိုင်ငံရှိ Green Hunter အမည်ဖြင့် သဘာဝနေထိုင်စားသောက်မှုပုံစံနှင့် သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး ခရီးသွားအကြောင်းအရာများတင်ဆက်လေ့ရှိသော ဖေ့စ်ဘုခ်သုံးစွဲသူတစ်ဦးဟာဆိုရင် မကြာသေးမီက အွန်လိုင်းမှာ သူတင်ထားသော ထိုင်းလို “ကိုင်လူမ်” လို့ခေါ်တဲ့ ကြက်ကင်ပြုလုပ်နည်းဗီဒီယိုကလစ်တစ်ခုနှင့်ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ထားတာတွေကိုတွေ့ရှိရပါတယ်။

အဆိုပါဗီဒီယိုကလစ်တင်ထားသူဟာ ဆိုင်ခွဲများစွာဖွင့်ထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်သလို နာမည်ကျော် အစားအသောက် Youtuber တစ်ဦးလည်းဖြစ်ပါတယ်။ ထိုကြက်ကင်ဟင်းတစ်ပွဲရရှိဖို့ ကြက်အရှင်လတ်လတ်ကို ဦးခေါင်းသာဖေါ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေမြှုပ်ထားရကာ အချိန် ၂ ပတ်ကြာ နေပူထဲ အစာရေစာဖြတ်ထားပြီး အုန်းနို့တစ်ခုထဲကိုပဲတိုက်ကျွေးရပါတယ်။ အချိန် ၂ ပတ်ပြည့်သွားပြီးနောက် ကြက်ရဲ့အမွှေးအမျှင်များ ကျွတ်ကျကုန်ကာ အုန်းနို့ဆိမ့်ဆိမ့်အရသာရှိတဲ့ အသားကိုရရှိတာဖြစ်ပါတယ်။

သူသည် ကြော်ငြာကြေးမှ ကိုယ့်အကျိုးအမြတ်အတွက် တိရစ္ဆာန်များကို သမရိုးကျသတ်ဖြတ်ပြီး ချက်ပြုတ်စားသောက်ခြင်းမဟုတ်ဘဲ တိရစ္ဆာန်ကို ထူးထူးဆန်းဆန်းညှင်းပန်းနှိပ်စက်ရာရောက်တယ်လို့ ဝေဖန်ကြပါတယ်။ ဤလုပ်ရပ်အပေါ် အွန်လိုင်းကလူတော်တော်များများလည်း ဝေဖန်ရှုံ့ချမှုတွေအများအပြားရှိခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံးဟာ ကိုယ့်အသက်ကိုမြတ်နိုးကြပါတယ်။ ခံစားတတ်ပါတယ်။ လူတွေ ချက်ပြုတ်စားသောက်ဖို့အတွက် ကြက်များကိုသတ်ခြင်းသည် အသစ်အဆန်းတော့မဟုတ်ပါ။

ဒါပေမယ့် အခုလို ညှင်းပန်းနှိပ်စက်တဲ့နည်းလမ်းမျိုးတော့ လုံးဝမဖြစ်သင့်ဘူးလို့ တချို့ကဆိုပါတယ်။ နောက်တစ်ချက်က ထို Youtuber သည် ဖော်လိုဝါ(Follower) များစွာရှိသူဖြစ်သည့်အတွက် ဤမသင့်တော်တဲ့အပြုအမူအား အများပြည်သူများ (သို့) အသိဉာဏ်နည်းတဲ့ကလေးသူငယ်များ လိုက်လံအတုခိုးမိမှာလည်းစိုးရိမ်မိတယ်လို့ ဆိုထားတာတွေ့ရှိရပါတယ်။

#popolay #popolaytv #ဗဟုသုတ


12 Aug 2020     1,684 Views




RELATED

Most Popular of International News

Most Popular of NEWS