BEC-TERO TV

ထီလက်မှတ် ၂၅ စောင်ဝယ်ခဲ့ပြီး ၂၅ စောင်လုံးပေါက်သွားသော မဟာကံထူးရှင်ကြီး

12 Aug 2020     1,830 Views


ထီထိုးထားပြီး ထီထွက်တဲ့နေ့မှာ ထီများပေါက်မလားလို့ မျှော်လင့်တကြီးစောင့်ဆိုင်းနေရတာကလည်း အမောပါ။ လူအများစုက ထီမပေါက်တဲ့ခံစားချက်ကို ကောင်းကောင်းသိကြပြီးတော့ ထီပေါက်တဲ့ခံစားချက်ကိုတော့ သိပ်မသိကြပါ။ မိမိကိုယ်တိုင်လည်း အဲ့ထဲကတစ်ယောက်အပါအဝင်ပါ….။ ဒါပေမယ့် အခုပြောပြမယ့်အကြောင်းအရာလေးကတော့ ထီပေါက်တာကိုမှ တစ်စောင်နှစ်စောင်တည်းမကဘဲ ဝယ်ခဲ့သမျှအစောင်ရေအားလုံး ပေါက်သွားတဲ့ ထူးထူးဆန်းဆန်းမဟာကံထူးရှင်ကြီးလို့ပြောလို့ရတဲ့ အလွန်ကံကောင်းသူတစ်ယောက်ပါ။

ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားတစ်ဦးသည် တစ်နေ့၌ Wegman စတိုးဆိုင်မှာ ဈေးဝယ်ထွက်ရင်း တစ်စောင် ၁ ဒေါ်လာတန်ဖိုးရှိသော Pick 4 ထီလက်မှတ်များကို ဂဏန်းတူအစောင်ရေ ၂၅ စောင်ဝယ်ယူလာခဲ့ပါတယ်။ အဲ့ချိန်မှာ သူ့စိတ်ထဲမှာ ဂဏန်းတူထီလက်မှတ်များသာဝယ်ရန် အလိုလိုဖြစ်ပေါ်လာခဲ့လို့ ဝယ်ရန်ဆုံးဖြတ်လိုက်တယ်လို့ဆိုပါတယ်။ ထို့နောက် မျှော်လင့်မထားတဲ့ ကံကောင်းခြင်းကတော့ သူဝယ်လာခဲ့တဲ့ထီအားလုံးက ပေါက်သွားပြီး တစ်စောင်ကို ဆုငွေ ၅၀၀၀ ဒေါ်လာ ရရှိကာ၊ အားလုံးပေါင်း ၂၅ စောင်မှာ ဆုငွေစုစုပေါင်း ဒေါ်လာ ၁၂၅,၀၀၀ တိတိ ရရှိသွားခဲ့ပါတယ်။ ရရှိလာတဲ့ဆုငွေများကို ယခုတက္ကသိုလ်တက်နေတဲ့ သား ၂ ယောက်ရဲ့ပညာရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သူကပြောပါတယ်။

#popolay #popolaytv #ဘာသာပြန်


12 Aug 2020     1,830 Views




RELATED

Most Popular of International News

Most Popular of NEWS