BEC-TERO TV

ဖားကန့် ဝှေခါမှော် မြေပြိုခဲ့ရာကျင်းအတွင်း ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများအား လိုက်လံ တားဆီး

13 Aug 2020     1,669 Views


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူပေါင်းရာနှင့် ချီသေဆုံးခဲ့ရသည့် ကျင်းအတွင်း အရဲစွန့်ခိုးဝင်ကာ ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများ ရှိနေသည့်အတွက် တားဆီးမှုများ ဆောင်ရွက်နေရကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေး ရုံးမှ သိရသည်။

“ခိုးဝင်တူးကြတဲ့သူတွေကို တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီး အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံ တားဆီးနေပါတယ်။ ညဘက်တွေမှာ ဝင်တူးတဲ့သူပိုများတယ်”ဟု ဝှေခါကျေးရွာတွင် မြေပြိုမှု ဘေးအန္တရာယ်၏ နောက်ဆက်တွဲကိစ္စရပ်များ ကြီးကြပ်ဆောင်ရွက်နေသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းရွှေက ပြောသည်။

ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်က ဖြစ်စဉ်အပြီး အဆိုပါ လုပ်ကွက်ရပ်နားထားသည့် ကျင်းအတွင်း ဇူလိုင် ၁၀ ရက်က တစ်ကြိမ်၊ နောက်ဆယ်ရက်အကြာ ဇူလိုင် ၂၀ ရက်က တစ်ကြိမ်နှင့် ဩဂုတ် ၈ ရက်က တစ်ကြိမ်၊ မြေပြိုကျမှုဖြစ်ပွားခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

Credit : တာလင်းမောင်(ပြန်/ဆက်)

#popolay #popolaytv #news #ဖားကန့် #ဝှေခါမှော်ရွာ


13 Aug 2020     1,669 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS