BEC-TERO TV

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရသူရိမြို့ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံကျ၍ လမ်းကျိုးမှုဖြစ်ပွား

13 Aug 2020     1,793 Views


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ မသေကျေးရွာအုပ်စု ဟန်ကဒိုင်းကျေးရွာ၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး၊ မိုင်တိုင်အမှတ် ၁၀၇၃.၅ နှင့် ၁၀၇၄ ကီလိုမီတာ ကြားတွင် ယနေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံကျပြီး လမ်းဘယ်ဘက်အခြမ်း လမ်းပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ ကရသူရိမြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ နှင့်လမ်းဦးစီးဌာနမှ ဦးမြတ်သူ၊ နယ်မြေစခန်းမှူးနှင့် ဟန်ကဒိုင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းပြတ်တောက်မှုကြောင့် လက်ရှိအချိန်တွင် မော်တော်ယာဉ်ကား(၁၀)စီးခန့် ပိတ်ဆို့လျက်ရှိပြီး ခရီးသွား မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု မပြတ်စေရန် သက်ဆိုင်ရာ အဖွဲ့များပူးပေါင်းပြီး ဝိုင်းဝန်းပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit : စိုးဝင်း(ပြန်/ဆက်)

#popolay #popolaytv #news #တနင်္သာရီ


13 Aug 2020     1,793 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS