BEC-TERO TV

ချစ်သုဝေနှင့် သူမဖခင် ဦးဇော်ဝင်းအား တရားစွဲဆိုရန်လျှောက်ထားမှု ခရိုင်တရားရုံးမှ ထပ်မံ၍ပလပ်

14 Aug 2020     2,746 Views


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ပန်းချီကားအပြင် နောက်ထပ်ပန်းချီကားတစ်ခုနှင့်ပတ်သက်ပြီး သရုပ်ဆောင်ချစ်သုဝေနှင့် သူမ၏ဖခင် ဦးဇော်ဝင်းတို့အား တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်မှ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့်တရားစွဲဆိုရန်လျှောက်ထားမှုကို ယနေ့ဩဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ထပ်မံ၍ ပလပ်လိုက်ကြောင်း သိရသည်။

ဦးအေးပိုင်မှ ယခင်က သင်္ဃန်းမြို့နယ်တရားရုံးတွင် ချစ်သုဝေနှင့် သူမ၏ဖခင်တို့ကို တရားစွဲဆိုရန်လျှောက်ထားခဲ့တာဖြစ်ပြီး ထိုအမှုကို မြို့နယ်တရားရုံးမှ ပလပ်လိုက်တာကြောင့် ဥပဒေလုပ်ထုံးအရ ခရိုင်တရားရုံးသို့တက်ပြီး တရားစွဲဆိုမှုပြုနိုင်ရန် ထပ်မံလျှောက်ထားခဲ့တာဖြစ်ပါတယ်။

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှ ချစ်သုဝေနှင့် သူမဖခင် ဦးဇော်ဝင်းအား တရားစွဲဆိုရန်လျှောက်ထားမှုကို ထပ်မံ၍ ပယ်ချလိုက်ကြောင်း သိရှိရပါသည်။

ခရိုင်တရားရုံးမှ ထပ်မံပယ်ချလိုက်တဲ့အပေါ် တရားလွှတ်တော်ရှေ့နေဦးအေးပိုင်မှ “ဒီခရိုင်ရုံးရဲ့အမိန့်ကိုလည်း ကျွန်တော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ရက္ခိတကွန်ယက်နဲ့ အမျိုးသားရေး အင်အားစုတွေ စုပေါင်းပြီး အစည်းအဝေးတစ်ခုကျင်းပပြီးတော့မှ ဘာဆက်လုပ်ကြမလဲဆိုတာကို ညှိနှိုင်းဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ အစည်းအဝေးကဆုံးဖြတ်ပြီးတာနဲ့ ဥပဒေကြောင်းအရဆက်လုပ်မယ်ဆိုရင် ခရိုင်ရုံးကအမိန့်ကို တိုင်းလွှတ်တော်ကို တက်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားရုံးက ညွှန်ကြားချက်အတိုင်း ကျင့်ထုံးပုဒ်မ ၂၃၃ အရ သီးခြားစီခွဲပြီး တရားပြန်စွဲတာဖြစ်ဖြစ် ကျွန်တော်တို့မှာ လုပ်ဖို့အခွင့်အရေးရှိပါတယ်။ ဒါကိုတော့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဒီ ၈ လပိုင်းထဲမှာပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

(ပိုပိုလေး)


14 Aug 2020     2,746 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment