BEC-TERO TV

သီချင်းအသစ်ထွက်ရှိတဲ့အနေနဲ့ အမာခံပရိသတ်ဆီက စပရိုက်လက်ဆောင်များရရှိခဲ့တဲ့ အေးမြဖြူ

17 Aug 2020     2,908 Views


အသက်ငယ်ပေမယ့် အနုပညာဂီတပိုင်းမှာ ပါရမီထူးချွန်သူတစ်ယောက်အဖြစ် အားလုံးကလက်ခံထားကြတဲ့ အေးမြဖြူကတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးကနေတစ်ဆင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုများစွာရရှိခဲ့ပြီး ယခုဆိုရင် အနုပညာဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေပြီဖြစ်ပါတယ်။

အေးမြဖြူကတော့ ပြိုင်ပွဲကြီးပြီးချိန်ကစ ကျောင်းတစ်ဖက်၊ အနုပညာအလုပ်တွေတစ်ဖက်နဲ့ မအားမလပ်အောင်ဖြစ်နေတာပါ။ သူမက ပညာရေးအတွက် ကျောင်းလည်းတက်ရင်း တစ်ဖက်မှာလဲ ဖျော်ဖြေပွဲတွေကို လိုက်လံသီဆိုပြီး ဝါသနာပါရာ ဂီတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အလှမ်းမဝေးဖို့ Cover song သီချင်းတွေလည်း သီဆိုလေ့ရှိပြီး သူမကိုယ်ပိုင် သီချင်းတွေလည်းထွက်ရှိထားပါတယ်။ အေးမြဖြူရဲ့ ပထမဆုံးသီချင်းလေးဖြစ်တဲ့ “လွမ်းနေလို့” သီချင်းဟာဆိုရင် ပရိသတ်အားပေးမှုများစွာရရှိခဲ့ပြီး လတ်တလောမှာတော့ အေးမြဖြူက ဒုတိယကိုယ်ပိုင်သီချင်းဖြစ်တဲ့ “နော်” ဆိုတဲ့သီချင်းလေးကိုထွက်ရှိထားပါတယ်။

ဒုတိယသီချင်းအသစ်ထွက်ရှိတဲ့အနေနဲ့ သူမရဲ့အမာခံပရိသတ်တွေက အေးမြဖြူအတွက် စပရိုက်လက်ဆောင်များ ပေးခဲ့ကြတာကိုတွေ့ရပါတယ်။ Raindrops လေးတွေက ဂုဏ်ပြုပန်းစည်း၊ ကိတ်၊ ကျောက်စီပန်းချီကားနဲ့၊ ပိုက်ဆံတွေအပြည့်ထည့်ထားတဲ့ Box လေးကို စပရိုက်လက်ဆောင်အဖြစ်ပေးခဲ့ကြပြီး သူမရဲ့ Raindrops လေးတွေကြောင့် အရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့ရကြောင်းကို အေးမြဖြူက လူမှုကွန်ယက်ကနေတစ်ဆင့် မျှဝေထားတာပဲဖြစ်ပါတယ်။

အေးမြဖြူရဲ့သီချင်းအသစ်လေးကိုရော နားထောင်ပြီးကြပြီလား..

(ပိုပိုလေး)


17 Aug 2020     2,908 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment