BEC-TERO TV

အသက် (၈၈) နှစ်ပြည့်မွေးနေ့ကို မိသားစုများနဲ့ ကျန်းမာပျော်ရွှင်စွာပြုလုပ်ခဲ့တဲ့ ဝါရင့်အနုပညာရှင်ကြီး ဒေါ်ခင်လေးဆွေ

24 Aug 2020     2,500 Views


တစ်ချိန်ကအနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးကျော်ကြားခဲ့ပြီး ပရိသတ်တွေချစ်ခင်လေးစားကြရတဲ့ ဝါရင့်အနုပညာရှင်ကြီး ဒေါ်ခင်လေးဆွေကတော့ အသက် (၈၈) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အသက်အရွယ်အားဖြင့် ၈၀ ကျော် ၉၀ နား အရွယ်ရောက်ရှိလာပေမယ့် အဘွားကတော့ ကျန်းကျန်းမာမာရှိနေတုန်းပဲဖြစ်ပါတယ်။

အဘွားခင်လေးဆွေက သူ့ရဲ့ (၈၈) နှစ်ပြည့်မွေးနေ့ကို မြေး၊ မြစ်များဖြင့် ကျန်းမာပျော်ရွှင်စွာဖြတ်သန်းခဲ့တာကို တွေ့မြင်ရပါတယ်။ အဘွားခင်လေးဆွေရဲ့ မွေးနေ့အမှတ်တရပုံရိပ်များကိုတော့ မြေးဖြစ်သူ စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်ကနေ မျှဝေဖော်ပြထားတာဖြစ်ပါတယ်။

အသက် (၈၈) နှစ်ပြည့်သွားပြီဖြစ်တဲ့ ဘွားဘွားကြီးခင်လေးဆွေ သက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


24 Aug 2020     2,500 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment