BEC-TERO TV

ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွက် ပိုးသတ်ဆေးဖြန်းစက်လှူဒါန်းလိုက်တဲ့ နေတိုး

24 Aug 2020     1,567 Views


ရခိုင်တိုင်းရင်းသားလေးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုးကတော့ ယခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာမှာ အသုံးပြုရန် ပိုးသတ်ဆေးဖြန်းစက်တစ်လုံးကို ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

နေတိုးဟာ ယနေ့ဩဂုတ်လ (၂၄) ရက်နေ့မနက်ပိုင်းက မွေးရပ်မြေရခိုင်ဒေသအတွက် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ရာမှာ အသုံးပြုဖို့ ပိုးသတ်ဆေးဖြန်းစက်ကို တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရထံသို့ သွားရောက်လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့မနက်ထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၇၂) ဦးရှိနေပြီဖြစ်ပါတယ်။

(ပိုပိုလေး)


24 Aug 2020     1,567 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment