BEC-TERO TV

တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ခြင်းကြောင့် ငွေကျပ်သိန်း(၇၀)ခန့် ဆုံးရှုံးမှုဖြစ်ပေါ်

26 Aug 2020     1,802 Views


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် သမာဓိလမ်း အမှတ် ၄၆(စီ)တွင် ဩဂုတ် ၂၅ မွန်းလွဲ( ၂ )နာရီ (၅၂)မိနစ်အချိန်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း(၇၀)ခန့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်စခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ဟောင်ကောင်နှစ်ထပ်တိုက် အဆောက်အဦ (၁)လုံး၊ ပျဉ်ထောင်အိမ် (၁)လုံး၊ နှစ်ခန်းတွဲ တိုက်၏ ငါးထပ်နှင့်လေးထပ် ဘယ်ဘက်ခြမ်း အနောက်ဖက်မီးဖိုဆောင်တို့ လောင်ကျွမ်း ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ် (၄၇) စီး၊ အုပ်ချုပ်မှုယာဉ်(၆)စီး၊ လူနာတင်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၆၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၉၀)ဦးတို့ဖြင့် Level-2 အဆင့်ရှိ ယာဉ်များ ရောက် ရှိ မီးငြှိမ်းသတ်ခဲ့ရာ ညနေ ( ၃ ) နာရီ (၄၅)မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။ အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့မှုနှင့် ပတ်သက်၍ အိမ်ရှင်အား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက် နိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)/MOI

#popolay #popolaytv #news #မီးလောင်မှု


26 Aug 2020     1,802 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS