BEC-TERO TV

မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများ စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်သို့သွားရောက်

27 Aug 2020     1,757 Views


စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် volunteer လုပ်အားပေးမည့် ကျန်းမာရေးဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြု နှုတ်ဆက် စကားပြောကြားခဲ့သည်။ ကိုဗစ်ရောဂါကို ထိန်းချုပ်ကုသဖို့ မိမိအသက်ကို ပဓာနမထားဘဲ volunteer လုပ်ပြီး ရခိုင်ပြည်နယ်မှာ လုပ်အားသွားပေးကြမည့် မန္တလေးတိုင်းဒေသကြီးက ကျန်းမာရေးဝန်ထမ်းအားလုံးကို အလေးအနက် ဂုဏ်ပြုကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောသည်။

COVID-19 ရောဂါတွေ့ရှိမှု အများဆုံးဖြစ်လာသည့် ရခိုင်ပြည်နယ်သို့ စေတနာ့ဝန်ထမ်း အဖြစ်သွားရောက်လိုကြသူ စာရင်းကို နိုင်ငံတော်မှလည်း တောင်းခံနေပြီး ယနေ့မနက်တွင် မန္တလေးမြို့မှ ကျန်းမာရေး စေတနာ့ဝန်ထမ်းလေးဆယ်ဦးလည်း သွားရောက်တာဝန်ဆောင်ရန် ထွက်ခွာကြခြင်း ဖြစ်သည်။ "လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ်အပြည့်နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ Hippocratic Oath နဲ့ Nightingale Pledge ကို ဦးထိပ်ပန်ဆင်ပြီး မမြင်ရတဲ့ကျည်ဆံတွေကို ရင်ဆိုင်ဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေချတာ အင်မတန်လေးစားစရာပါ။

လူအများစုက ရောဂါကူးဆက်မှုများတဲ့ ဒေသတွေကနေ ထွက်ခွာသွားချင်ကြတာ ဓမ္မတာပါ။ "ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။ လက်ရှိ COVID-19 ရောဂါသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲအတည်ပြုလူနာ ၅၈၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဖြိုးအိ/MDN

#popolay #popolaytv #news


27 Aug 2020     1,757 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS