BEC-TERO TV

ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ ငှက်ပျောသီးဖြင့် ဝိတ်ချခြင်း

28 Aug 2020     1,626 Views


၂၀၀၈ ခုနစ်က စပြီး ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ The Morning Banana Diet plan ဟာ စိတ်ဝင်စားလည်းကောင်း၊ လွယ်လည်းလွယ်ပြီး ကျန်းမာရေးနဲ့ လည်း ညီညွတ်လို့ ပြန်လည်ဝေမျှချင်ပါတယ်။
 

စိတ်ကြိုတင်ပြင်ဆင်ခြင်း

 
တကယ်တော့ ဝိတ်ဆိုတာ ခဏလေးနဲ့ တက်လာတာမဟုတ်သလို ခဏလေးနဲ့ လည်း မကျနိုင်ပါဘူး။ ဒီသဘောတရားကို အရင် နှလုံးသွင်းထားဖို့ လိုပါတယ်။စိတ်ရှည်ရမယ်။ အချိန်ယူပြီး ပုံမှန် လုပ်သွားနိုင်ရမယ်။ diet plan rule ကို နားလည်သဘောပေါက်ပြီး တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။
 

(၁) ငှက်ပျောသီး ကို မနက်စာ အဖြစ် သုံးဆောင်ပါ။

 
ငှက်ပျောသီး ဟာ အစာခြေခြင်း၊ အစာဖျက်ခြင်း ဖြစ်စဉ်တွေကို ပိုမိုလွယ်ကူစေတဲ့ အပြင် သူ့မှာပါဝင်တဲ့ ကစီမျှင်ဓာတ်ဟာ ရင်ပြည့်တဲ့ စိတ်ကို ဖြစ်စေပါတယ်။ မနက်မိုးလင်း စားထားတဲ့ ငှက်ပျောသီး ဟာ တစ်နေ့တာလုံးစားတဲ့ နေ့လည်စာ နဲ့ ညစာမှာစားတဲ့ ကိုယ်စားတဲ့ အစာ ထဲက carbohydrate စုပ်ယူမှုကိုလည်း တားဆီးပေးထားနိုင်ပါတယ်။ ကဲ ဒီ ပထမ rule ကတော့ ငှက်ပျောသီးကို ရင်ပြည့်တဲ့ အထိ မနက်စာအဖြစ် စားပေးဖို့ပါပဲ။
 

(၂) တစ်နေ့တာလုံး သာမန် အပူချိန်ရှိတဲ့ ရေ တစ်မျိုးတည်းကိုသာ သောက်ပါ။

 
ရေဟာလည်း ဗိုက်ဆာမှုကို လျော့ကျစေပြီး စားသမျှကို ခြေဖျက် နိုင်ဖို့ အကူအညီပေးပါတယ်။ ရေခဲရေ မဟုတ်ရပါဘူး၊ ပူခြစ်တောက်နေတဲ့ ရေ ပူလည်း မဟုတ်ရပါဘူး၊ ကိုယ့်အခန်း အပူအချိန်နဲ့ တစ်ထပ်တည်းကျတဲ့ ရိုးရိုးရေ ကိုသောက်ရမှာဖြစ်ပါတယ်။ တချို့ က မနက်စာကို ငှက်ပျောသီးကို နွားနို့ နဲ့ သောက်ပါတယ်။ ဒီဟာက ဝိတ်ကို ပို တက်စေတဲ့ အသားတိုး အားဆေးပါ။ ဝိတ်ချနေတာဆိုတော့ ဒီဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ " Dairy products and alcohol are also not allowed on this diet. "  နို့ ထွက် ပစ္စည်းများ၊ alcohol ပါဝင်သော အရည်များ လုံး၀ သောက်လို့ မရပါဘူး။ လက်ဖက်ရည် ၊ ကော်ဖီ သောက်နေကျ ကို ဖြတ်ဖို့မလွယ်ကူဘူးဆိုရင် လျှော့သောက်ပါ။ တတ်နိုင်ရင် ရေ ကလွဲပြီး တခြား ဘာမှ မသောက်ရင် ပိုပြီး ဝိတ်ကျတာကို မြန်စေပါတယ်။
 

(၃) နေ့ လည်စာ နဲ့ ညစာ ပုံမှန်စားပါ။

 
ဒီ plan မှာအကြိုက်ဆုံးက တော့ နေ့လည်စာ ညစာ ကို ပုံမှန် ကြိုက်တာ စားခွင့်ပေးတာပါပဲ။ စိတ်ပင်ပန်း လူပင်ပန်း သိပ်မခံရတော့ဘူးပေါ့။ ဒါပေမယ့် ပုံမှန် ဆိုတဲ့ နေရာမှာလည်း တန်ရင် ဆေး၊ လွန်ရင်ဘေး ဆိုတာကို သတိချပ်လို့ အစားပမာဏကို ချင့်ချိန်ပြီး ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အသား၊ငါး၊ အရွက်၊သီးနှံ မျှမျှတတ စားဖို့ တော့ ဂရုစိုက်စေချင်ပါတယ်။
 

(၄) ညစာ စားချိန် ၈ နာရီထက်နောက်မကျပါစေနဲ့။

 
ည ၈ နာရီကျော် ရင် ကိုယ်ထဲက အစာချေဖျက်မှု လုပ်ငန်းစဉ် အလုပ်မလုပ်တော့ ပါဘူး။ အဲဒီ အချိန်မှာ စားသမျှဟာ ဝိတ်တက်စေနိုင်ပါတယ်။ ၈ နာရီမတိုင်ခင်မှာ ကိုယ့်ရဲ့ ညစာကို အချိန်မှန်စားဖို့ ဟာ အလွန်အရေးကြီးသော်လည်း လူတိုင်း သတိမမူ မေ့လျော့တတ်တဲ့ အလေ့အထ ဖြစ်တတ်ပါတယ်။ ဒီအချက်ကို ပုံမှန်လေး လိုက်နာသွားမယ် အမြဲတမ်း လုပ်သွားနိုင်မယ်ဆိုရင်တော့ ပျိုုမေတို့ ကိုယ်မှာ ဝိတ် တက်ဖို့ အကြောင်း နောက် သိပ်မရှိတော့ပါဘူး။
 

(၅) ည ၁၂ နာရီ မကျော်ခင် အိပ်ပါ။

 
အိပ်ချိန် မမှန်ခြင်း၊ အိပ်ချိန်နောက်ကျခြင်း တို့ဟာ ဝခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေထဲမှာပါကြောင်း Scientists တွေက စမ်းသပ်တွေ့ရှိထားပြီးသားပါ။ ဒါပေမယ့်လည်း လူတိုင်းက ဒီအချက်ကို မေ့လျော့ ပေါ့ဆပြီး ဂရုမစိုက်တတ်ကြပါဘူး။ ည ၁၂ မတိုင်ခင် အိပ်ခြင်းဟာ ဝိတ် ကျခြင်း ကို အများကြီး အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ပျိုမေတို့ ဝိတ်ကျဖို့ ည၁၂ နာရီမတိုင်ခင် တတ်နိုင်သလောက် ကြိုးစားပြီး အိပ်ပေးပါ။
 
ဘယ်အတိုင်းအတာထိ ဘယ်အချိန် ထိ ဒီ plan ရဲ့ rule တွေကို လိုက်နာရမလဲ လို့ မေးဖို့ ရှိပါတယ်။ တကယ်တော့ ဒီ plan ဟာ အမြဲတမ်းလုပ်သွားနိုင်လေလေ ဝိတ်ကို ပုံမှန်ထိန်းသွားနိုင်လေ ဖြစ်တဲ့ plan မျိုးပါ။ တစ်ယောက်နဲ့ တစ်ယောက် အကျိုးသက်ရောက်မှု မတူသော်ငြားလည်း ဒီ diet plan ရဲ့ rule တွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဝခြင်း ကို ကာကွယ်ပေးလို့ ဂျပန်နိုင်ငံ က ပျိုမေများ နေ့စဉ် လိုက်နာကျင့်သုံးနေတဲ့ plan ဖြစ်ပါတယ်။
 
စိတ်အားလည်း ထက်သန်တယ်။ စိတ်ကို လည်း ကြိုတင်ပြင်ဆင်မယ်။ Rule တွေ အားလုံးကို လည်း အတတ်နိုင်ဆုံး လိုက်နာမယ်။ ကိုယ့် ဝိတ်ကို လည်း တစ်ပါတ် တစ်ခါ တိုင်းပြီး စောင့်ကြည့်မယ် ဆိုရင် ပျိုမေတို့ ဝိတ်ကျဖို့ သေချာပါတယ်။
 
Credit:

28 Aug 2020     1,626 Views




RELATED

Most Popular of Health Fix

Most Popular of Life Style