BEC-TERO TV

အစာအိမ်အောင့်လျှင် ရှောင်ကြဉ်ရမည့် အရာများ

31 Aug 2020     2,469 Views


(၁)အရက်နှင့်ကဖိန်းကို လျော့ပါ။ သို့မဟုတ် ခေတ္တမျှရပ်ထားပါ။ ယင်းတို့က အက်ဆစ် Level ကို တိုးစေပြီး ရင်ပူခြင်းနှင့် အစာအိမ်နာကျင်မှုကို ပို၍ ဖြစ်စေသည်။
 
(၂)ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူခြင်းကို ရှောင်ကြဉ်ပါ။ ယင်းတို့က လက်ရှိနာကျင်မှုကို ပို၍ ဖြစ်စေပြီး နောက်ထပ် နာကျင်မှုများ ကိုပါ ဆက်တိုက်ဖြစ်စေတတ်သည်။ ဆေးလိပ်ငွေ့သည် အစာအိမ်မှ အက်ဆစ်ထွက်မှုကို ပိုပြီးတိုးစေသည့် အလျောက် နာကျင်မှုကိုလည်း တာရှည်စေသည်။
 
(၃)အနီရောင်အသားများ၊ အဆီများသောအကြော်များ၊အဆီစာများ ရှောင်ပါ။ ကြိုချက်ထားသောကွေ့ ကာအုတ်ဂျုံတွင် သကြားနှင့်ဆား ထည့်စားနိုင်သော်လည်း နို့ကို ချင့်ချိန်၍ထည့်ပါ။ နို့ထွက်ပစ္စည်းနှင့် စပ်လျဉ်းသော ဥပမာချောကလက် စားသုံးခြင်းကို ချင့်ချိန်ပါ။
 
(၄)တစ်နေ့တာအတွက် အစာကို နည်းနည်းနှင့် (၅-၆)ကြိမ်၊ နားနား၍ စားပေးပါ။
 
(၅)အစာစားပြီးချိန်နှင့် ညအချိန်များတွင် ပို၍နာကျင်ပါက ဆရာဝန်နှင့် ဆွေးနွေးသင့်သည်။
 
(၆)စိတ်ဖိစီးမှုသည် အစာအိမ်နာကျင်မှုနှင့် ဆက်နွယ်ဖြစ်ပေါ်တတ်သဖြင့် စိတ်ဖိစီးမှုကို ကြိုးစား၍ ဖြေလျော့ပြီးနေပါ။
 
Credit:

31 Aug 2020     2,469 Views




RELATED

Most Popular of Health Fix

Most Popular of Life Style