BEC-TERO TV

ဇနီးသည်ကိုကားတင်ပြေးခဲ့တာ (၃၉) နှစ်ပြည့်ပြီဆိုတဲ့ ဦးကျော်သူ

31 Aug 2020     2,712 Views


ဒီကနေ့ဟာဆိုရင် အနုပညာလောကနဲ့ ပရဟိတလောကမှာ နာမည်ကြီးကျော်ကြားပြီး ပရိသတ်ရဲ့လေးစားချစ်ခင်မှုတို့ကို ရရှိထားတဲ့ ရုပ်ရှင်မင်းသားကြီး ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ/ရွှေဇီးကွက် တို့ရဲ့ (၃၉) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လို့သိရပါတယ်။

လွန်ခဲ့တဲ့ ၃၉ နှစ် ရုပ်ရှင်မင်းသားမဖြစ်‌သေးခင်အချိန်၊ ယနေ့လို ဩဂုတ်လ ၃၁ ရက်နေ့မှာ ဇနီးသည်ကို အလိုမတူပဲကားတင်ပြေးခဲ့ပေမယ့် တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိဖြင့် ဆိုးတူကောင်းဖက် စိတ်တူကိုယ်တူဖြတ်သန်းခဲ့တာ ယနေ့ဆိုရင် (၃၉) နှစ်ပြည့်သွားပြီလို့ ဦးကျော်သူက ဆိုပါတယ်။

ယနေ့မှာကျရောက်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ ဦးကျော်သူနဲ့ ဇနီးဖြစ်သူတို့က ရန်ကုန်နာရေးကူညီမှုအသင်းကြီးရှိ အသင်းသူအသင်းသားများအား စတုဒီသာများကျွေးမွေးပြီး မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တစ်ယောက်ကိုတစ်ယောက် နှစ်ပေါင်းများစွာ သစ္စာရှိရှိလက်တွဲခဲ့ကြတဲ့ ဦးကျော်သူတို့ဇနီးမောင်နှံနှစ်ယောက် နောက်နှစ်ပေါင်းများစွာတိုင် သေတပန် သက်တစ်ဆုံး ရိုးမြေကျပေါင်းဖက်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


31 Aug 2020     2,712 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment