BEC-TERO TV

လေဖြတ်ခြင်းနှင့် သိမှတ်ဖွယ်ရာများ

01 Sep 2020     2,416 Views


လေဖြတ်ခြင်း သို့မဟုတ် stroke ဟာ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးစီးဆင်းမှုပိတ်ဆို့ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းကြောင့် ဦးနှောက်လုပ်ငန်းစဉ် ရုတ်တရက်ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ဦးနှောက်က သွေးလွှတ်ကြောပေါက်ခြင်း၊ သွေးခဲပိတ်ဆို့ ခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ နှလုံးရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံး အသက်ဆုံးရှုံးစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
 
၁။ Ischaemic Stroke  – ဒီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုခုကိုသွားတဲ့ သွေးစီးဆင်းမှုပျက်စီးပြီး အဲဒီအစိတ်အပိုင်း ရဲ့တစ်သျှူးပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။ သွေးခဲပိတ်ဆို့ရခြင်းဟာ နဂိုထဲကရှိပြီးတဲ့သွေးခဲ thrombus   ကသွေးကြောပိတ်ဆို့ခြင်း၊ သွေးကြောတစ်နေရာမှ ရွေ့လာသော သွေးခဲ embolus  ပိတ်ဆို့ခြင်း၊ shock  တစ်ခုခုကြောင့် သွေးစီးဆင်းမှုနည်းပါးသွားခြင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
 
၂။ Haemorrhagic Stroke  – ဦးနှောက်က သွေးကြောတစ်ခုခုပေါက်ပြီး ဦးနှောက်နဲ့ ဦးခေါင်းခွံကြားမှာ သွေးထွက်ခြင်း(Subarachroid Haemorrhage) သို့မဟုတ် ဦးနှောက်တွင်းမှာ သွေးထွက်ခြင်း (cerebral haemorrhage)  တွေကြောင့် ဖြစ်ရတာပါ။
 

သတိပေးလက္ခဏာများ

-     ခြေ၊ လက်၊ မျက်နှာများ အထူးသဖြင့် တစ်ဖက်တည်းတွင် ထုံလာခြင်း၊ အားနည်းလာခြင်း၊
-     မျက်နှာ၊ ဦးခေါင်း ငိုက်ငိုက်ကျလာခြင်း၊
-     နားလည်နိုင်စွမ်း လျော့ကျလာခြင်း၊ တွေဝေခြင်း
-     စကားပြောရာတွင် ခက်ခဲလာခြင်း
-     အမြင်အာရုံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံး ဝေဝါးလာခြင်း
-     ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေလာခြင်း၊
-     ဟန်ချက်ထိန်းနိုင်မှုလျော့ကျခြင်းစတဲ့ ရောဂါလက္ခဏာတွေကို သတိပြု စောင့်ကြည့်ပေးသင့်ပါ 
      တယ်။
 
Credit:

01 Sep 2020     2,416 Views




RELATED

Most Popular of Health Fix

Most Popular of Life Style