ဒလတံတားစီမံကိန်းကို ၂၀၂၂အပြီးတည်ဆောက်မည်
01 Sep 2020 1,722 Views

ဒလတံတား တည်ဆောက်ရေးစီမံကိန်းတစ်ခုလုံး၏ ၁၆ ဒသမ ၁၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ ဒလတံတား တည်ဆောက်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံဘက်မှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်။
ဒလတံတား စီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား ဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတား ဖြစ်ကာ တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်သည်။
Credit: #Popolay #Popolaytv #Dala_Bridge







