BEC-TERO TV

ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ဖြုတ်ချ

01 Sep 2020     1,496 Views


ထားဝယ်- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖြုတ်ချကြောင်း ပြည်နယ် လွှတ်တော်က ဆုံးဖြတ်လိုက်သည်။ ယနေ့(စက်တင်ဘာ၁ရက်)တွင်ကျင်းပသည့် ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ကြောင်း လွှတ်တော်အမတ်စုစုပေါင်း ၂၀ဦးအနက် ၁၆ဦးက ထောက်ခံမဲပေး၍ လေးဦးကသာ ကန့်ကွက်မဲပေးခဲ့သည်။

ထို့ကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ဒီချုပ်အစိုးရလက်ထက်၌ ပြည်နယ် လွှတ်တော်က စွပ်စွဲအပြစ်တင်၍ ဖြုတ်ချခံရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ကယားပြည်နယ်လွှတ်တော်ရှိ လွှတ်တော်အမတ်စုစုပေါင်း ၂၀ဦးတွင် ဒီချုပ်အမတ် ၉ဦး၊ တစ်သီးပုဂ္ဂလတစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးဦး၊ ပြည်ခိုင်ဖြိုးအမတ် လေးဦးနှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဝင် အမတ်တစ်ဦးတို့ဖြစ်သည်။

စိုင်းကိုကိုထွန်း/ 7 day

#popolay #popolaytv #news #ကယား


01 Sep 2020     1,496 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS