BEC-TERO TV

အစိုးရကကန့်သတ်ထားမှုများကို မလိုက်နာသူများအား ဥပဒေအရ တင်းကျပ်စွာအရေးယူရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြား

03 Sep 2020     1,311 Views


ရခိုင်ပြည်နယ်မှပြန်လာသည့် ခရီးသည် ၇,၀၀၀ ကျော်မှ မည်မျှပျံ့နှံ့နိုင်မည်ကို စိုးရိမ်ဖွယ်ကောင်းသည်ဟုဆို

===========================

ဥပဒေချိုးဖောက်သူများ၊ အစိုးရက ကန့်သတ်ထားမှုများကို မလိုက်နာသူများကို ဥပဒေအရ တင်း ကျပ်စွာအရေးယူရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်ထဲရေးဝန်ကြီး ဌာနကို ယမန်နေ့ကညွှန်ကြားသည်။ ကိုဗစ်-၁၉ ဓာတ်ခွဲအ တည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ များကို စုံစမ်းရှာဖွေဖော်ထုတ်ခြင်း နှင့် ကာကွယ်၊ ထိန်းချုပ်ရေး စီမံ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ရန်ကုန် တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်တို့နှင့် အွန် လိုင်းမှတစ်ဆင့် စက်တင်ဘာ ၂ ရက်တွင် ဆွေးနွေးစဉ် ယင်းသို့ လမ်းညွှန်ပြောကြားခြင်းဖြစ် သည်။

‘‘ပြည်ထဲရေးဘက်ကတော့ ဥပဒေနဲ့ပတ်သက်လို့ ခပ်မာမာ တော့ ကိုင်တွယ်ရပါမယ်။ ကျွန်မ က တာဝန်မဲ့တဲ့ လုပ်ရပ်တွေကို လုံးဝမနှစ်မြို့ဘူး။ ဥပမာဆိုရင် မလိုအပ်ဘဲ ဘာမှလည်းအရေး မကြီးဘဲနဲ့ နိုက်ကလပ်တွေလို ဟာမျိုး ဒီလိုတရားမဝင်၊ ကန့် သတ်ထားတဲ့ကြားကနေ ဖွင့်တာ တွေဆိုရင် ဒါတွေဟာ ဘာမှ လို အပ်တဲ့ကိစ္စလည်းမဟုတ်ဘဲ အင် မတန်တာဝန်မဲ့ပြီး ပြည်သူအ ပေါ်မှာရော၊ နိုင်ငံအပေါ်မှာရော စေတနာအလွန်အင်မတန်နည်း တယ်လို့ ကျွန်မတို့ဒီလိုပဲ သတ် မှတ်ရမှာပဲ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

တင်းကျပ်စွာ အရေးယူမည် ဆိုသည်မှာ ဒေါသစိတ်ဖြင့်မဟုတ် ဘဲ နိုင်ငံကိုကာကွယ်ရမည်ဆို သောစိတ်ဖြင့် အရေးယူမည်ဖြစ် ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းသည်။ လက်ရှိကိုဗစ်ရောဂါ ထပ် ပြီးမပျံ့ပွားစေရန် အားလုံးက ဝိုင်းဝန်းကာ ပူးပေါင်းဆောင်ရွက် စေလိုကြောင်းနှင့် အစိုးရဌာန အသီးသီးက မိမိတို့တာဝန်ကိုယ် ကျေပွန်ရန်နှင့် ပြည်သူတစ် ယောက်ချင်း၊ တစ်ယောက်ချင်း ကလည်း တာဝန်ကျေပွန်စေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းသည်။ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့ သို့ ဩဂုတ် ၁၀ ရက်မှလေကြောင်း လိုင်းများမရပ်နားခင်အထိ ခရီး သည် ၇,၀၀၀ ကျော် ရောက်ရှိခဲ့ပြီး ယင်းခရီးသည်များထံမှ ရောဂါ မည်မျှကျယ်ပြန့်နိုင်သည်ကို စဉ်း စားကြည့်ပါက သိနိုင်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါလေကြောင်းလိုင်း များဖြင့် ပြန်လာသူများသည် သက်ဆိုင်ရာကျန်းမာရေးနှင့် အုပ် ချုပ်ရေးဌာနများသို့ အသိပေး ဆက်သွယ်ရန် အစိုးရကထုတ်ပြန် ညွှန်ကြားထားပြီး မဆက်သွယ် ခြင်းသည် ဥပဒေကို ချိုးဖောက် ခြင်းဖြစ်၍ အရေးယူမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ထပ်မံ သတိပေးသည်။ ယခင်က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူခဲ့သော်လည်း အပြစ် ဒဏ်ပျော့ပြောင်းသည့်အတွက် ယခုနောက်ပိုင်းတွင် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကိုဗစ်-၁၉ သည် နိုင်ငံအ တွက် လွန်စွာကြီးမားသည့် အန္တ ရာယ်ဖြစ်ပြီး ရန်ကုန်ကဲ့သို့နေရာ မျိုးတွင် ပြန့်ပွားပါက ပြည်သူ တစ်ဦးချင်း၊ တစ်ယောက်ချင်းက တာဝန်သိသိဖြင့် လုပ်ဆောင်မှ သာ ထိန်းချုပ်နိုင်မည်ဟု ဒေါ် အောင်ဆန်းစုကြည်က ဆက် လက်ပြောသည်။ ‘‘ဘာဖြစ်လို့အရေးယူဖို့လို တာလဲဆိုတာ နားလည်ဖို့လိုပါ တယ်။ ဘယ်လောက်အန္တရာယ် များလဲ။ တစ်တိုင်းပြည်လုံး ပျံ့ သွားပြီဆိုရင် အထူးသဖြင့် ရန် ကုန်လိုနေရာမျိုးက ပျံ့သွားပြီ ဆိုရင် အားလုံးကို ပြည့်ပြည့်၀၀ လုံလုံလောက်လောက် စောင့် ရှောက်မှုပေးဖို့ အင်မတန်မှ ခက် ပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံက ဒီလောက်လည်း အရင်းအမြစ်က ကြွယ်ဝတာ မဟုတ်ဘူး’’ ဟု အ တိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် မှာ စက်တင်ဘာ ၂ ရက် နံနက် ၁၁ နာရီ သတင်းထုတ်ပြန် ချက် အထိ ၉၃၈ ဦးရှိပြီး ၄၀၀ ဦးမှာ ရန်ကုန်တိုင်းမှဖြစ်ပြီး ၃၉၈ ဦးမှာ ရခိုင်ပြည်နယ်မှဖြစ်သည်။ ရခိုင် ပြည်နယ်တွင် ဩဂုတ်တတိယ ပတ်မတိုင်မီ ကိုဗစ်-၁၉ အတည် ပြုလူနာ နည်းပါးသေးသော်လည်း ပြည်တွင်းကူးစက်မှု တစ်ကျော့ ပြန်ဖြစ်ပွားမှုမှာ စစ်တွေ၌ဖြစ်ပေါ် ခဲ့သဖြင့် ရခိုင်ပြည်နယ်၌ အတည် ပြုလူနာတစ်ရှိန်ထိုး မြင့်တက်ခဲ့ ခြင်းဖြစ်သည်။ အစောပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးမှ လူ ပေါင်း ၁၂၀ အထိ ကူးစက်သည့် ဖြစ်စဉ်ရှိဖူးပြီး ရခိုင်ပြည်နယ်မှ ပြန်လာသည့် ခရီးသည် ၇,၀၀၀ ကျော်မှ မည်မျှပျံ့နှံ့နိုင်မည်မှာ စိုး ရိမ်ဖွယ်ကောင်းကြောင်း ဒေါ် အောင်ဆန်းစုကြည်က သတိပေး သည်။

‘‘ဒါကို မပျံ့အောင်လုပ်ဖို့ စောစောစီးစီး ထိန်းချုပ်ဖို့လိုမယ်။ အားလုံးက စည်းကမ်းရှိဖို့လို တယ်။ အားလုံးက ဝိုင်းပြီးပူး ပေါင်း ဆောင်ရွက်ဖို့လိုပါလိမ့် မယ်’’ ဟု ၎င်းက တောင်းဆိုသည်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးသုတေသန ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ အရာရှိ များ၊ အရာထမ်းများက ဩဂုတ် ၁၀ မှ ၂၁ ရက်အတွင်း ရခိုင်ပြည် နယ်မှ ရန်ကုန်သို့ပြန်လာသည့် ၅,၄၂၇ ဦးကို ကြိုးပမ်းဆက်သွယ် ခဲ့သည်။ အဆိုပါဦးစီးဌာနနှစ်ခုမှ ဆရာဝန်၊ အရာရှိ၊ အရာထမ်း ၉၄ ဦးသည် ခရီးသည် ၄,၇၅၉ ဦးထံ ဆက်သွယ်ခဲ့ရာ ထက်ဝက် ကျော်မှာ ဖုန်းချသွားခြင်း၊ ဖြေ ကြားရန်ငြင်းဆိုခြင်း၊ ဖုန်းနံပါတ် မှား ယွင်းနေသည်ဟု ပြောဆိုခြင်း စသည်ဖြင့် အဆက်အသွယ် မရခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

‘‘အဓိကကတော့ ပြည်သူပဲ ပြည်သူတွေ ပါမှပဲဖြစ်မယ်။ တစ် ဦးချင်းတစ်ဦးချင်းက ကိုယ့်ကိုယ် ကိုယ်လည်း ကာကွယ်ရမယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရမယ်။ အဲဒါနဲ့ပတ် သက်လို့ အားငယ်စရာလည်း မလိုပါဘူး။ ကျွန်မတို့နိုင်ငံတော် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး အားလုံးကို ပံ့ပိုးပေးမယ်။ ဒါပေမဲ့ ပံ့ပိုးသမျှ ထိရောက်မှုရှိအောင် လည်း ကျွန်မတို့ ပြည်သူတွေက ဝိုင်းဝန်းပြီးလုပ်ဖို့လိုပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ယ မန်နေ့စကားဝိုင်းတွင် တိုက်တွန်း သည်။ မြန်မာနိုင်ငံတွင် တစ်ကျော့ ပြန်ဖြစ်ပွားသည့် ပြည်တွင်းကူး စက်မှု တနည်းအားဖြင့် ကိုဗစ်-၁၉ ဒုတိယလှိုင်းမတိုင်မီ အတိုင်း အတာတစ်ခုအထိ ကိုဗစ်ရောဂါ ကို ထိန်းချုပ်နိုင်ခဲ့ပြီး ထိုစဉ်က ထိတွေ့မှုရှိသူအားလုံးကိုရှာဖွေ ခြင်း၊ ကွာရန်တင်းဝင်စေခြင်း၊ ဆေးစစ်ခြင်းတို့ကို လုပ်ဆောင် ခဲ့သည်။

ကမ္ဘာပေါ်တွင် ချမ်းသာ သည့်နိုင်ငံများအပါအဝင် နိုင်ငံ အများစုမှာ ထိုသို့လုပ်ဆောင်ပေး မှုမျိုးမရှိဘဲ မိမိအိမ်တွင် နေစေ သော်လည်း မြန်မာအစိုးရသည် နိုင်ငံတော်က ကုန်ကျစရိတ်ကို ထည့်မတွက်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ ‘‘ဒီလိုလုပ်တာက နိုင်ငံတော် အတွက် အကုန်အကျများပေမယ့် ကျွန်မတို့က မြင်တာကတော့ ပြည်သူတစ်ယောက်ချင်း၊ တစ် ယောက်ချင်းရဲ့ အသက်ဟာ တန် ဖိုးဖြတ်လို့မရပါဘူး။ အဲဒါကြောင့် နိုင်ငံအတွက် ဘယ်လောက် ကုန်ကျတယ်ဆိုတာကို ထည့် မတွက်ဘူး။ ဒါပေမဲ့ ပြည်သူတွေ ကလည်း ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားစေချင်တယ်’’ ဟု ၎င်း ကဆိုသည်။

ထို့အပြင် မိမိကိုယ်တိုင် ရခိုင်ပြည်နယ်မှ ပြန်လာသူဖြစ် စေ၊ ပြန်လာသူများနှင့်ထိတွေ့မှုရှိသည်ဖြစ်စေ၊ ထိတွေ့မှုရှိသူ များ အကြောင်းသိရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အသိပေးရန်နှင့် ထိုသို့ အသိပေးခြင်းမှာ အတင်း ပြောခြင်း၊ တိုင်တန်းခြင်းမဟုတ် ဘဲ အများပြည်သူကို ကာကွယ် ခြင်းဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။ ‘‘ကိုယ်ကမပြောဘဲနဲ့ မြုံ ထားလို့လည်း ရောဂါပိုးက နေနေ မှာမဟုတ်ဘူး။ ဝင်သွားရင်တော့ ဝင်သွားပြီပဲ။ မကုသဘဲနဲ့ လည်း ကောင်းတာမဟုတ်ပါဘူး။ အဲဒါ ကြောင့် မကြောက်ပါနဲ့။

ကွာရန် တင်းဝင်ရတာ ကြောက်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဥပဒေအရ အရေးယူခံရမယ်ဆို ရင်တော့ နည်းနည်းကြောက် စရာဖြစ်ပါတယ်’’ ဟု ၎င်းကဆက် ပြောသည်။ မြို့နယ်တစ်မြို့နယ်လျှင် ကိုဗစ်-၁၉ အတည်ပြုလူနာ သုံး ဦးထက်ပိုမိုတွေ့ရှိပါက ယင်းမြို့ နယ်ကို Stay at Home ( မိမိအိမ် တွင်နေစေခြင်း)စနစ် ချမှတ်ခဲ့ပြီး လက်ရှိ ရန်ကုန်မြို့အခြေအနေ သည် ကျယ်ပြန့်စွာ Stay at Home အစီအစဉ်လုပ်ရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။ ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ် ခုနှစ်ခုကို Stay at Home မြို့နယ်များအဖြစ် စက်တင်ဘာ ၁ ရက်တွင် သတ်မှတ်ခဲ့သည်။ ‘‘ဘယ်လိုပဲပြောပြော ကိုဗစ် ရောဂါနဲ့ပတ်သက်လို့ ကျွန်မတို့ စည်းကမ်းရှိရှိနဲ့ ရင်ဆိုင်နိုင်ရင် သိပ်ကြာကြာကြီး ခံရမယ့်ဟာ မဟုတ်ပါဘူး။

ဒါပေမဲ့ စည်းမဲ့ ကမ်းမဲ့ဖြစ်လို့ရှိရင် သိပ်ပြန့်ပွား သွားရင် မကြာသင့်တာထက် အများကြီးကြာမှာ’’ဟု အတိုင် ပင်ခံပုဂ္ဂိုလ်ကပြောသည်။ ဆွေးနွေးပွဲတွင် ဒေါက် တာသက်စုမွန်က အတည်ပြုလူ နာများနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် တွေ့ကြုံရသည့်အခြေအနေများ၊ ရင်ဆိုင်ရသည့်အခက်အခဲများကို ထည့်သွင်းဆွေးနွေးသည်။ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးဆောင် ရွက်သူများ၏ လုပ်ဆောင်မှုများ ကိုတင်ပြပြီး လူစုလူဝေးဖြစ်ပေါ် စေရန် သတင်းအမှားများဖြန့်ဝေသူများနှင့် အဖျက်အမှောင့်လုပ် ဆောင်သူများ၏ ဖေ့စ်ဘွတ်ခ် များ၊ ဝက်ဘ်ဆိုက်များကို အရေး ယူဆောင်ရွက်ခဲ့ကြောင်း ရှင်း လင်းသည်။

ရန်ကုန်တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင် ကလည်း လက်ရှိအခြေအနေတွင် ပြည်သူများက အပြင်သွားလာ လှုပ်ရှားမှုများလုပ်ဆောင်နေရ သည့်အတွက် ထိတွေ့သူများကို စုံစမ်းဖော်ထုတ်ရာတွင် နောက် ကျသည်နှင့်အမျှ ပိုမိုတိုးပွား လာမည့်အခြေအနေများ၊ ကွာ ရန်တင်းစင်တာများဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေး သည်။

ထက်အာကာကျော် / 7 day

#popolay #popolaytv #news


03 Sep 2020     1,311 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS